"ငါ့ကိုနင့်လက်ထဲကနေမလွတ်သွားစေနဲ့မေသက်လွင်
ငါလွတ်တာနဲ့နင့်ကိုအသေသတ်မှာ

ကြောက်စရာကြီးပါလား ငါအသည်းတွေတောင်တုန်တယ်ဟယ်
နင့်အခြေအနေကိုအရင်ပြန်ကြည့်ပါဦးလား
ငါ့ကိုသတ်ဖို့မပြောနဲ့ နင့်ကိုချုပ်ထားတဲ့ကြိုးတွေကိုပဲရအောင်ဖြည်စမ်းပါ
အဲ့ကျမှငါ့ကိုသတ်မယ့်အကြောင်းလေးဆက်ပြောရအောင်
ဟားဟား

နင်ကလေ တစ်ကယ်သနားစရာကောင်းတယ်သိလား
စည်းစိမ် မိဘမေတ္တာနဲ့ နင့်ကိုတစ်ကယ်ချစ်တဲ့လူကိုပိုင်ဆိုင်ထားရတာကို မရောင့်ရဲနိုင်ပဲ တခြားသူကိုဒုက္ခလိုက်ပေးဖို့ နင့်ကိုယ်နင်အမှောင်မိုက်ဆုံးလောကထဲနစ်မွန်းနေတာ
တစ်ကယ် သနားဖို့ကောင်းတယ် ကျွတ်ကျွတ်

နင်ငါ့ကို သနားစရာမလိုဘူး
နင့်ကိုယ်နင်ပဲသနားရမှာ
မိဘမဲ့တစ်ကောင်ကြွက်မ....လင်ဆာမ.....

မိဘမဲ့တစ်ကောင်ကြွက်မ ဆိုပေမဲ့ ငါကမေတ္တာတရားကိုအပြည့်အဝရတယ်
ငါ့ဘေးမှာ ရှိတဲ့သူတိုင်းက ငါ့ကိုမေတ္တာအစစ်အမှန်ပဲပေးတာ.....ဒါ့ကြောင့် ငါကမိဘတွေမရှိတော့ပေမယ့် အဘွားရဲ့မေတ္တာကြောင့် မိဘမေတ္တာကိုလိုလားတောင့်တယ်ဆိုတာမရှိခဲ့ဘူး
ငါ့မိဘတွေမကွယ်လွန်ခင်က ငါ့ကိုမေတ္တာအပြည့်အဝပေးခဲ့ပြီးသား
နင်ကသာ မိဘမေတ္တာလည်းအပြည့်အဝရပါရက်နဲ့ မိဘလည်းအသက်ရှင်ရက် ကိုယ့်ဘေးမှာရှိနေပါရက်နဲ့ တန်ဖိုးမထားတာ
နင်လုပ်ချင်တာကိုလုပ်ပြီး နင့်လောဘတွေကိုပဲ ငမ်းငမ်းတက်နေတာ
မိဘကသွန်သင်ဆုံးမပါရက်နဲ့ လင်ဆာနေတာကနင်မှအစစ် အဲ့တာကိုရော နင့်ကိုယ်နင်သိရဲ့လား ဟမ် မေသက်လွင်

အေး နင်ကငါ့ဒေါသကိုလာဆွနေတာပဲ
ငါကအစကမိန်းမသားချင်းကိုယ်ချင်းစာတဲ့အနေနဲ့ နင်နားပါစေဦး
အားယူပါစေဦးဆိုပြီး အချိန်ပေးနေတာ

ထွီ.....သွားစမ်းပါ နင်သာကိုယ်ချင်းစာစိတ်ရှိရင် ငါ့အပေါ်အခုလိုမလုပ်ဘူး
နင်ကတစ်ကယ်ကိုဆိုက်ကိုဖောက်တာထက် လွန်နေပြီ

လောကငရဲဆိုတာနင်မတွေ့ကြုံဘူးသေးဘူးမလား
အဲ့တာကို ငါပြပေးမယ် ညသံသရာခွင်း "

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Kde žijí příběhy. Začni objevovat