ကဲ ဒါဆို အန်ကယ်တို့ပြန်တော့မယ်....သမီးလည်း ဂရုစိုက်နော် မနက်ဖြန် ဆေးရုံမှာ သားတို့နှစ်ယောက်စလုံး ဆေးစစ်ချက်လုပ်ရမယ်

သမီးဘာမှမဖြစ်ပါဘူးအန်ကယ်

သားရောပဲ

ဒါပေမယ့် မေမေတို့စိတ်မချဘူး

လူကြီးတွေ စိတ်အေးရအောင် ဆေးစစ်ချက်လုပ်လိုက်ပါသမီးတို့ရယ်.

ည ဘယ်လိုသဘောရလဲ

လုပ်လိုက်တာပေါ့

အင်း

ဒါဆို အန်တီတို့ပြန်မယ်....

ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါရှင့်

ခွင်း ငါတို့လည်းပြန်တော့မယ်
နင်အေးဆေးအနားယူဦး
မနက်ဖြန် ငါတို့လာခေါ်မယ်....ငါနဲ့သမုတာဝန်ကျတဲ့ဆေးရုံမှာ ဆေးစစ်ချက်လုပ်ရမယ်

အေးပါ နင်တို့လည်းဂရုစိုက်ပြန်နော်

အင်းအင်း

ည မနက်ဖြန် ကိုယ်လာခေါ်မှာ
သွင်ထက်လာခေါ်ရင်မလိုက်နဲ့

အန်ကယ်တို့စောင့်နေပြီဂုဏ်
ပြန်တော့

ညကလည်း

ပြန်တော့ မနက်ဖြန် သွင်ထက်တို့နဲ့လိုက်လာမှာ
ဆေးရုံမှာ တွေ့မယ်

ည.........

ဟေ့ရောင် မရစ်စမ်းနဲ့ မင်းတို့အခုမှအိမ်ပြန်ရောက်တာ အနားယူရမယ်..
လာခဲ့ ငါတို့ ကားထဲထိလိုက်ပို့ပေးမယ်

ဟေ့ရောင်တွေ ငါမလိုက်ဘူးလို့.....
ည.....ညရေ....."

"Bossကတော့နော်....ဒီတစ်ခေါက်အခွင့်အရေးမှာ အစ်မနဲ့အဆင်ပြေသွားတာလား
တညညနဲ့....နားကိုညည်းတယ်

ဟုတ်ပါ့ ဝသုန်ပြောတာအန်ကယ်ထောက်ခံတယ်
အိန္ဒြေလေးထိန်းပါဦးသားရယ်
သမီးက လူကြီးတွေရှေ့မှာအနေရခက်တယ်လေ

သားသိပါတယ်....ဒါပေမယ့် ညရှေ့ရောက်ရင် သားကအိန္ဒြေကိုထိန်းလို့မရတော့တာ

ယုံပါတယ် မေမေလည်း မင်းကိုသိပ်ကြည့်မရတော့ဘူး
တခြားအချိန်ဆို တည်လွန်းတဲ့သားက ညသံသရာခွင်းရှေ့ဆို စပ်စလူးခါနေတာ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now