တီး တီး တီး တီး
လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်
"သူတို့ကဘာလို့စက်ပိတ်ထားရတာလဲ
အကျင့်တွေကိုက လုံးဝမကောင်းတာ

ခေါ်မနေနဲ့ည ဖုန်းအားကုန်တာပဲရှိမယ်
ဖုန်းကိုင်မှာမဟုတ်ဘူး

ရှင်တို့ပေါင်းကြံထားတာမဟုတ်လား

မဟုတ်ပါဘူး ကိုယ်က Innocent လေးပါနော်

တောက်ခ်

စိတ်ကိုလျှော့ပါညရယ်
အခုကားပေါ်မှာ အေးဆေးအိပ်လိုက်
ကိုယ်ကကားကိုငြိမ့်ငြိမ့်လေးမောင်းပေးမယ်"

အခုမှတော့ သူမဘာမှလုပ်မရတော့ပါ
ဂုဏ်မောင်းတဲ့ကားနဲ့ကလောကိုသွားရဖို့ပဲရှိသည်

~~~~~~~~~~~~~~~~~~~~~~~~~~~

"ငါခိုင်းတဲ့အလုပ်ပြီးပြီလား

ဟုတ် ပြီးပြီ မမလေး
အသေအချာကိုလုပ်ထားပါတယ်

အိုကေ ငါနင်တို့အတွက်လွှဲပေးပြီးပြီ

ဟုတ် မမလေး "

အဟင်း နင်တို့မကြာခင်မြူမှုန်လိုပျောက်ကွယ်သွားရတော့မှာပါ....အဟင်းဟင်း

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ည နေ့လည်စာ စားမယ်လေ

ဟင့်အင်း ဗိုက်မဆာဘူး

ဒါဆို ဗိုက်မဆာသေးလည်းခဏတော့စောင့်ဦးနော်
ရှေ့နားကလမ်းခွဲကိုရောက်ရင် စားသောက်ဆိုင်တန်းရှိတယ်
ကိုယ်တို့ခဏဝင်နားကြမယ် ကားကအကြာကြီးဆက်မောင်းရဦးမှာ

အင်း စားသောက်ဆိုင်ကပြန်ထွက်ရင် ကျွန်မမောင်းပါ့မယ်

အင်း ကိုယ်ခဏမှေးဦးမယ်နော်

အင်း ရတယ် "

လမ်းခွဲကိုရောက်သည့်အချိန် ကားရှင်းနေတာမို့ ကားကိုကွေ့မည့်အချိန်မှာ ရုတ်တရက် ပေါ်လာသည့်ကားအကြီးတစ်စီးက ခွင်းတို့ကားဆီကိုတည့်တည့်မောင်းလာနေသည်
ဂုဏ်က ကားကိုဘရိတ်နင်းပေမယ့်မမိပါ
ကားက ဘရိတ်မမိသည့်အတွက် ရပ်မရဘဲ ခွင်းတို့ကားနှင့် ကားအကြီးတို့ထိပ်တိုက်အနေအထားနှင့် တိုက်မည့်တော့မည့်အခြေအနေမှာရှိနေသည်
ထိုကားကြီးက ခွင်းတို့ကားကိုမရှောင်ဘဲ တည့်တည့်မောင်းလာနေသည်
"ည ခါးပတ်ကိုသေချာပတ်ထားနော်
ကိုယ်တို့ကားကဘရိတ်မမိဘူးဖြစ်နေတယ်
ရှေ့က ကားကကိုယ်တို့ဆီတည့်တည့်လာနေတာ
ကိုယ်ကားကိုကွေ့လည်း သူတို့က ကိုယ်တို့လမ်းကြောင်းကိုလိုက်ပိတ်နေတယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Onde as histórias ganham vida. Descobre agora