ဒါ့ကြောင့် မင်းက တစ်ဖက်လှည့်နဲ့ အချစ်အတွက်ငါ့ကိုအမည်ငှားတယ်ပေါ့လေ

ဒါပေါ့ မင်းကအဲ့တာလေးတစ်ချက်ကူညီပေးပါဦးကွာ

ရပါတယ် ငါကလည်းပါရမီဝိုင်းဖြည့်ပေးရမှာပေါ့
ဒါနဲ့ မင်း ငါတစ်ခုမေးချင်လို့

ရတယ် မေးလေ မင်းဘာမေးမှာလဲ

သေချာစဥ်းစားပြီးမှဖြေနော်နေဂုဏ်

မေးမှာဖြင့်မေးစမ်းပါကွာ

မင်း ညသံသရာခွင်းကို ပြန်လိုက်ဖို့ကြိုးစားနေတာလား
ဒါမှမဟုတ် မင်းအပြီးတိုင်စွန့်လွှတ်ဖို့ဆုံးဖြတ်ထားတာလား

မင်းမေးခွန်းနှစ်ခုစလုံးက ငါဖြေစရာအဖြေမရှိဘူး
ဒါပေမယ့် တိကျတဲ့အဖြေကိုငါပြောမယ်
ငါ ညကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး
ငါအမြဲတမ်းငါ့လက်တွဲဖော်အဖြစ်သတ်မှတ်ထားတာ ညသံသရာခွင်း ဆိုတဲ့ မိန်းကလေး တစ်ယောက်ပဲရှိတယ်
အခုငါဆုံးဖြတ်ထားပြီးသား
မင်းကိုပြောပြမယ်
ညကိုငါပိုင်ဆိုင်ဖို့လုပ်တော့မှာ

အခုငါ့ကိုအကူအညီတောင်းတဲ့ကိစ္စက ပထမခြေလှမ်းပေါ့လေ

ဟုတ်တယ် ညနဲ့ငါ့အမေကြားမှာပဲ ပြဿနာရှိတာ
ငါနဲ့ရှိတာမှမဟုတ်တာ
လမ်းခွဲခဲ့တာကငါ့အမေနဲ့ဟိုမိန်းမကြောင့်လေ
ငါတို့ကြားမှာဘာကိစ္စမှမရှိဘူး
ညရဲ့အဝေးမှာငါမနေနိုင်ဘူးဖီးနစ်
အရင်ကငါတို့၇နှစ်တိတိဝေးခဲ့ပြီးပြီ အဲ့၇နှစ်မှာလည်း ငါ့ကိုယ်ကိုသေချာစဥ်းစားခဲ့ပြီးပြီ
ညရဲ့အနားမှာပဲငါသေသည်အထိရှိနေချင်တယ်
ငါသာဆန္ဒသာရှိရင် ဝေးခဲ့ရတဲ့အချိန်အတွင်းမှာ ညရဲ့ဘေးနားကိုမရောက်ရောက်အောင်ငါသွားနိုင်တယ်
ငါမသွားခဲ့တာက ညကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့အခါ ဘုရင်မတစ်ပါးလိုငါထားနိုင်ဖို့ကြိုးစားနေခဲ့တာဖီးနစ်
မိဖုရားတစ်ပါးက ဘုရင်ပေးတဲ့အာဏာပဲရှိတယ်
သူ့ကိုယ်ပိုင်အာဏာမရှိဘူး
ညက ငါ့မိဖုရားမဟုတ်ဘူး
ငါ့ဘုရင်မ

မင်းရဲ့ချစ်တတ်မှုကြီးကိုလေးစားပါတယ်

ဟားဟားဟား ဒါပဲနော် ဖီးနစ် ""

""အေးအေး""

>>>>><<<<<>>>><<<<<>>>><<<<>>>><<<<>>>>

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Wo Geschichten leben. Entdecke jetzt