Part 38

45.4K 3.9K 682
                                    

ရာဇ် လှံတံကို ရွှေလှောင်အိမ်အသွင်ပြောင်းကာ သူရပြည့်စုံကို ထည့်ထားလိုက်သည်။မရဏရဲ့နှင်းဆီနက်နွယ်တွေက ‌ရွှေလှောင်အိမ်ထံ ပြေးလာပြီး အပေါ်အုပ်မှ ရစ်ပတ်လိုက်ကာ ရွှေလှောင်အိမ်က လေပေါ်‌ မြှောက်တက်သွားသည်။သူရပြည့်စုံ ရွှေလှောင်အိမ်မှ သံတိုင်တွေကို ကိုင်ကာ အပြင်ကို ကြည့်နေသည်။

မရဏက နှင်းဆီနွယ်တွေကို သုံးကာ ယာမကို အပြင်းအထန်တိုက်သည်။ရာဇ် ငွေခက်ရင်းကို ဝှေ့ယမ်းပြီး ယာမထံ တစ်ဟုန်ထိုးဝင်သည်။ယာမရဲ့လူဦးခေါင်းသတ္တဝါတွေက နှင်းဆီနွယ်တံတိုင်းကို ဝင်ဆောင့်ကိုက်ဖြတ်နေသည်။ဖဲဝါရဲ့ခွေးနက်ကြီးတွေက လူဦးခေါင်းသတ္တါတွေကို ကိုက်ဖြတ်‌ကြပေမဲ့ လူဦးခေါင်းသတ္တဝါတွေက များပြားလွန်းသည်။

ယာမက လေပေါ်တွင် ပျံဝဲနေပြီး ရာဇ်နှင့်မရဏကို ခုခံတိုက်ခိုက်သည်။ယာမ လက်ကို ဝှေ့ယမ်းလိုက်ရာ လူဦးခေါင်းသတ္တဝါတွေက ရာဇ်တို့ထံ အုပ်လိုက်ပြေးလာပြီး ဝုန်းဒိုင်းကြဲ ဝင်တိုက်သည်။ရာဇ် ငွေရောင်ခက်ရင်းကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အငွေ့တွေနှင့်ရွှေရောင်လျှပ်စီးကြောင်းတွေက မြေပြင်ပေါ်ဖြတ်ပြေးသွားပြီး လူဦးခေါင်းသတ္တဝါတွေအားလုံး လွှင့်ထွက်သွားသည်။

အုန်း!!!!

သူရပြည့်စုံ ရာဇ်ကို ကြည့်ရင်း ရင်တွေ တဒုတ်ဒုတ်ခုန်လာ၏။

'ငွေရောင်ခက်ရင်းနဲ့လူက ရက်ရက်စက်စက်ချောတာပဲ'

ယာမက အေးစက်စက်ပြုံးပြီး မီးကြာပွတ်ကို ထုတ်လိုက်သည်။ကြာပွတ်တစ်လျှောက်ငရဲမီးတောက်ပြာတွေ လူးလွန့်တောက်လောင်နေပြီး ယာမ ကြာပွတ်နှင့် ရာဇ်တို့ကို ရိုက်သည်။ရာဇ် ငွေခက်ရင်းနှင့် မီးကြာပွတ်ကို တားလိုက်သည်။

ခွပ်!!

မီးကြာပွတ်ကြောင့် ငွေခက်ရင်းခွတစ်ချောင်းမှာ အက်သွားသည်။ရာဇ် လက်ထဲမှ ငွေခက်ရင်းက တုန်ခါလာပြီး ငွေရာဇ်အသွင်ပြောင်းကာ အောက်ကို ကျသွားသည်။မရဏ ရင်ထဲ ထိတ်လန့်သွားသည်။မရဏ နှင်းဆီနွယ်တွေကို စီးကာ အလျင်အမြန် ငွေရာဇ်ကို ဖမ်းလိုက်တော့ မရဏ ငွေရာဇ်ထံ မရောက်ခင် ယာမက ငွေရာဇ်ကို မီးကြာပွတ်နှင့် ရိုက်ချလာသည်။ခွေးနက်ကြီးက တစ်ဟုန်ထိုး ခုန်ပြေးလာကာ ငွေရာဇ်အပေါ်အုပ်မိုး ကာကွယ်ပြီး မီးကြာပွတ် ကို ခံယူလိုက်သည်။ငရဲမီးတောက်အပြည့်နှင့်ကြာပွတ်က ခွေး‌နက်ကျောပေါ် ကျရောက်သွားကာ အသားတွေက လှန်တက်သွားပြီး သွေးတွေက စီးကျလာသည်။ကြီးမားနက်ရှိုင်းသည့်ပြတ်ရှဒဏ်ရာကြောင့် ခွေးနက်က နာနာကျင်ကျင် ဆွဲဆွဲငင်ငင် အူလိုက်၏။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now