Part 24

50K 4.6K 256
                                    

မရဏ နှင်းဆီနွယ်တွေကို သုံးကာ ဘဒ္ဒါကို တိုက်ခိုက်သည်။ရာဇ်ကလည်း လှံတံနှင့် အပြင်းအထန်တိုက်ခိုက်၏။ဘဒ္ဒါက မီးကြာပွတ်ကို ဝှေ့ယမ်းကာ နှစ်ယောက်တစ်ယောက် အပြင်းအထန်တိုက်နေသည်။မရဏ လက်နှစ်ဖက်ကို ဆန့်တန်းကာ နှင်းဆီနွယ်မှ ဆူးတွေကို ကြီးမားချွန်ထက်စေလိုက်သည်။ဆူးအပြည့်နှင့် နှင်းဆီနွယ်ကြီးက ဝှေ့ယမ်းလာကာ ဘဒ္ဒါကို ရိုက်ချလိုက်သည်။

ဘုန်း!!

ရှပ်!!

ဘဒ္ဒါက နှင်းဆီနွယ်ကြီးကို ပိုင်းချလိုက်ပြီး ရာဇ်ထံတစ်ဟုန်ထိုးဝင်သည်။ရာဇ် သူရပြည့်စုံကို ပွေ့ဖက်ထားရတာကြောင့် ဘဒ္ဒါရဲ့တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ရသည်မှာ မလွယ်လှ။ရာဇ် သူရပြည့်စုံကို ပွေ့ကာ ဘဒ္ဒါရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားပြီး ငွေရာဇ်ကို တစ်ချက်လှမ်းကြည့်သည်။ငွေရာဇ်က ရာဇ် အကြည့်ကို နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။ရာဇ် သူရပြည့်စုံကို ပွေ့ဖက်ထားရာမှ လွှတ်ချလိုက်သည်။သူရပြည့်စုံ အထိတ်တလန့်ဖြစ်သွားပြီး မျက်လုံးတွေပြူးသွားသည်။နားထဲတွင်လည်း လေတိုးသံများသာ ကြားရသည်။သူရပြည့်စုံ မျက်စိမှိတ်လိုက်ပြီး

"အားးးး အမေရေ!!"

ငွေရာဇ်က ပျံတက်လာပြီး သူရပြည့်စုံကို ဖမ်းလိုက်သည်။သူရပြည့်စုံ တစ်ကိုယ်လုံးကတော့ တုန်ယင်နေ၏။ငွေရာဇ်က သူရပြည့်စုံကို ခပ်တင်းတင်းပွေ့ထားသည်။

မရဏက သွေးတစ်လုတ်အန်ထွက်သွားပြီး နှင်းဆီနွယ်တွေကို ထိန်းချုပ်ကာ တရစပ်တိုက်ခိုက်သည်။ရာဇ်က လှံတံကို ဝှေ့ယမ်းကာ ဘဒ္ဒါကို တိုက်ခိုက်သည်။ဘဒ္ဒါက နှစ်ယောက်တစ်ယောက် ခုခံတိုက်ခိုက်နေရ‌တာကြောင့် အရေးနှိမ့်လာသည်။

"ရွှေရာဇ် ကျွန်မ ရှင့်ကို နှစ်ပေါင်းများစွာ ချစ်ခဲ့တာ ကျွန်မ အချစ်က မစစ်မှန်လို့လား ဟမ် အဲ့ဒီ ဘာမဟုတ်တဲ့ လူသားကြောင့် ကျွန်မ အချစ်တွေကို ဥပေက္ခာပြုခဲ့တာလား"

ရာဇ် အံကြိတ်ရင်း လှံတံကို ဝှေ့ယမ်းလိုက်သည်။

"သူနဲ့ဘာမှ မဆိုင်ဘူး ဘဒ္ဒါ မချစ်တဲ့အရေးကိစ္စမှာ တစ်စုံတစ်ဦးကြောင့်ဆိုတာ မရှိဘူး မင်းကို ချစ်လို့မရလို့ကို မချစ်တာ မေတ္တာကို မရှိလေတာ"

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now