Part 19

56.4K 4.9K 1.1K
                                    


သူရပြည့်စုံ ရာဇ် ထုပေးသည့်ဗန်ဒါစေ့တွေကို ပိုးအိတ်ထဲ ထည့်လိုက်သည်။ရာဇ်က ထိုင်နေရာမှ ထပြီး သူရပြည့်စုံထံ လက်လေးကမ်းပေးသည်။သူရပြည့်စုံ နှုတ်ခမ်းထောင့်တွေက ကော့တက်သွားပြီး ရာဇ် လက်ကို ‌ဆုပ်ကိုင်သည်။ရာဇ် လက်တွေက အေးစက်နေပေမဲ့ ဘာကြောင့်ရယ်မသိ သူရပြည့်စုံ ရင်ထဲနွေးထွေးသွားသည်။

ရာဇ်နှင့်သူရပြည့်စုံ လက်လေးကိုင်ကာ ဥယျာဉ်ထဲ လမ်းလျှောက်လာသည်။သူရပြည့်စုံ နှလုံးသားကတော့ တဒုတ်ဒုတ် ခုန်ပေါက်‌နေပြီး ရာဇ်ရဲ့ကျယ်ပြန့်သည့် ကျောပြင်ကြီးကို ကြည့်ရင်း လိုက်လာသည်။

"ကိုကိုသခင်ကြီး"

သူရပြည့်စုံ ခပ်တိုးတိုးလေးခေါ်လိုက်သည်။ရာဇ်က နောက်လှည့်ကြည့်လာတော့ သူရပြည့်စုံ အကြည့်ချင်းမဆိုင်ရဲဘဲ နားရွက်လေးတွေက နီရဲသွားကာ ခေါင်းလေးငုံ့လိုက်သည်။

'ငါတော့ ပက်ကြားအက်သွားပြီ'

သူရပြည့်စုံ အမှန်တရားကို လက်ခံလိုက်သည်။ရာဇ်က သူရပြည့်စုံလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ရှေ့ကို ဆက်လျှောက်သွားသည်။သူရပြည့်စုံရဲ့ချစ်မြတ်နိုးစိတ်တွေက တဖွားဖွားပေါ်ပေါက်လာ၏။သူရပြည့်စုံ ရင်ထဲ ပန်းတွေ ပွင့်သွားသည်။

'ကိုကိုသခင်ကြီးလက်ကို ကိုင်ရတာ ကောင်းလိုက်တာ'

သူရပြည့်စုံ ထိကရုန်းပင်လေးတွေကို မြင်တော့ ရာဇ်လက်ကို လွှတ်ပြီး အပင်လေးတွေ ဘေးမှာ ထိုင်သည်။ထိကရုန်းပင်တချို့ကို လက်နှင့်ထိလိုက်တော့ အပင်လေးတွေက ရှက်ရွံ့သွားဟန် ငိုက်ကျသွားသည်။သူရပြည့်စုံ နှုတ်ခမ်းထောင့်တွေက ကော့တက်လာပြီး အသံထွက်အောင်ရယ်လိုက်သည်။

"သစ်ရွက်လှုပ်တာကြည့်ပြီး ဘာလို့ရယ်နေသလဲ"

ရာဇ်က သူရပြည့်စုံဘေးတွင် ရပ်ကာ ငုံ့ကြည့်ရင်း မေးသည်။သူရပြည့်စုံ ရာဇ်ကို မော့ကြည့်သည်။ရာဇ်မျက်နှာက မည်သည့်အမူအယာမှ မပြဘဲ ပုံမှန်အတိုင်းသာ။အသံက အေးဆေးနေပြီး အနည်းငယ်နူးညံ့နေသည်။သူရပြည့်စုံ နှလုံးသားက ချိုမြ‌သွားပြီး ပျော်ရွှင်မှုတွေက တရိပ်ရိပ်တက်လာသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now