Part 3

79.3K 6K 433
                                    

<Unicode>
သူရပြည့်စုံ မျက်လုံးပွင့်လာသည်။ခံတွင်းက ခြောက်ကပ်နေပြီး ဝမ်းဗိုက်က ဆာလောင်နေ၏။ကျောပြင်မှ နာကျင်မှုကို မခံစားရတော့။ခြေထောက်တွေက အေးစက်နေသည်။မြစ်ရေအေးအေးက ခြေထောက်ကို လှိုင်းတွန့်လေးများဖြင့် ပုတ်ခတ်နေ၏။အားအင်တွေစုစည်း၍ ကမ်းစပ်မှထလိုက်သည်။နေရောင်ဖျော့ဖျော့က တစ်ကိုယ်လုံးကို နွေးထွေးစေသည်။

"နေ့ခင်းလား"

သူရပြည့်စုံ တွေးကာ ကမ်းစပ်မှတဆင့် တောထဲဝင်ခဲ့သည်။‌သစ်ပင်တွေက စိမ်းညှို့အုံ့မှိုင်းနေပြီး နေပျောက်မကျနိုင်အောင် တောထူထပ်သည်။ကျေးငှက်အသံများကို မကြားရ။မည်သည့်သက်ရှိမှ ဒီတောထဲမှာ မရှိဘူး ထင်ရသည်။သစ်ရွက်များကို တဖျပ်ဖျပ်တိုက်ခိုက်သည့် လေတိုးသံသဲ့သဲ့ကြားရသည်။သတ္တိတွေကို စုစည်းလိုက်ပြီး အားတင်းကာ ရှေ့ကို ဆက်လျှောက်သည်။တောကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက် ရှေးဟောင်းမုခ်ဦးတစ်ခုကို တွေ့သည်။မုခ်ဦးက ကြီးမားခမ်းနားပြီး လူသူကင်းမဲ့နေသည်။နေခြည်ဖျော့ဖျော့ သက်ဆင်းနေသည့် မုခ်ဦးမှာ ကြီးကျယ်ခံ့ညားကာ အရှိန်အဝါကြီးသည်။မုခ်ဦးထိပ်တွင် ဘုန်းကြီးကျောင်းမှာ တွေ့ရသကဲ့သို့ ပြသာဒ်များရှိသည်။သို့သော် ပိုလှပြီး ပိုတင့်တယ်သည်။တစ်ချိန်လုံး စားလိုက်၊သောက်လိုက်လုပ်နေခဲ့သည့် သူရပြည့်စုံက မြန်မာ့လက်မှုပညာအခေါ်အဝေါ်များကို သေချာမသိ။ယခုမုခ်ဦးက အတော့်ကို ရှေးကျပြီး ခမ်းနားတာကိုတော့ ဝန်ခံရမည်။

သူရပြည့်စုံ မုခ်ဦးရှေ့တွင် ရပ်လိုက်သည်။ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်သည်။ဘယ်သူမှ မရှိ။မုခ်ဦးထဲသို့ ဝင်သည်။အရာရာက တိတ်ဆိတ်နေ၍  ကြက်သီးထမိသည်။‌

"မြို့ပျက်ကြီးလား"

သူရပြည့်စုံ ခပ်တိုးတိုးရေရွတ်မိသည်။အထဲရှိအဆောက်အအုံများက အလွန်ထုထည်ကြီးမားသည်။အဆောက်အအုံပုံစံများကြောင့် ပုဂံခေတ်ကို ရောက်သွားသလို ခံစားရသည်။အုတ်ကျောင်းများ၊အိမ်များနှင့်ဈေးတန်းများကို လျှောက်ကြည့်သည်။လေထုက ခပ်နွေးနွေးသာဖြစ်ပြီး ပတ်ဝန်းကျင်က လူသူကင်းမဲ့နေသည်မှလွဲ၍ အားလုံး မပျက်မစီးရှိသေးသည်။မြို့ပျက်ကြီးတော့ ဖြစ်ပုံမရ။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now