Part 2

82.9K 6.2K 446
                                    

<Unicode>

အရာအားလုံးက လင်းလက်ဖြူဖွေးနေသည်။မည်သည့်အရောင်မှ မရှိ။မြူခိုးများက နေရာအနှံ့ပျံ့လွှင့်နေပြီး အေးစိမ့်မှုကို ခံစားရသည်။သူရပြည့်စုံ သတိကြီးစွာဖြင့် ရှေ့ကို တိုးသွားသည်။လင်းပြီး ဖြူလွန်းသည်။ကိုယ့်လက်ကို ကြည့်လိုက်သည်။လက်မှအသားအရည်မှာလည်း ဖြူဖျော့လွန်းနေပြီး လက်သည်းများထံတွင်လည်း သွေးရောင်မရှိတော့။

ကြမ်းပြင်က သလင်းကျောက်ဖြူတွေလို အေးစက်‌နေသည်။ရှေ့ကို ဖြည်းဖြည်းချင်း လျှောက်သွားသည်။နားထဲတွင် ရယ်သံသဲ့သဲ့ကြားရသည်။ရယ်မောနေသည့် မိန်းမပျိုနှစ်ယောက်က ဘေးမှဖြတ်သွားသည်။သူတို့နှစ်ယောက်က ဖြူစွတ်စွတ်ဂါဝန်ဝတ်ထားပြီး တစ်ယောက်ကို တစ်ယောက် ရယ်မောစကားပြောနေကာ ရှေ့ကို အလျင်အမြန်သွားသည်။

သူရပြည့်စုံ မျက်လုံးနှစ်လုံးကို ပွတ်လိုက်ပြီး အသေအချာကြည့်သည်။သူတို့နှစ်‌ ယောက်မှာ လမ်းလျှောက်နေတာမဟုတ်ဘဲ စကိတ်စီးနေသကဲ့သို့ အလျင်အမြန်ရွေ့လျားနေသည်။နောက်ပြီး လွှင့်ဝဲနေသည် ထင်ရသည့် မြူခိုးများမှာ သေသူများ၏ဝိညာဉ်အပိုင်းအစများသာ ဖြစ်သည်။သူလန့်သွားပြီး ထိုမိန်းကလေးနှစ်ယောက်နောက်ကို ပြေးလိုက်သည်။

"ဟဲ့ အဲ့ကောင်လေ ညီမကို playသွားတာ အခုကျ ညီမထက်ရုပ်ဆိုးတဲ့ကောင်မနဲ့ ကြိုက်သွားရော"

"ဟား ဟား တန်ရာ တန်ရာပေါ့ ညီမရယ်"

"ဟုတ်ပါ့ အမရယ် ညီမကို block ထားသေးတယ်လေ  ညီမမှာ တစ်ကောင့်ထဲ ရှိတာမှ မဟုတ်တာ ပြီးတော့ သူမရှိလည်း queen doesn't need a king"

"ဟား ဟား ဒါပေါ့ တစ်ယောက်ထဲ တောက်ပလို့ရတယ်"

သူရပြည့်စုံ နောက်မှပြေးလိုက်နေရင်း တွေးလိုက်မိသည်။

'မိန်းမတွေများ သေတာတောင် ထက်မြတ်တဲ့မိန်းမလုပ်နေသေးတယ်'

ဒီနေရာမှာ တခြားယောကျာ်းလေးတစ်ယောက်သာ ရှိရင် ကော်ဖီခွက်အကြီးကြီးကိုင်ပြီး 'ဝီးမန်း ဟား ဟား ဟား'လို့ ရယ်မိလိမ့်မည်။တွေးရင်း နောက်မှ ဆက်လိုက်သည်။

"အမ အမ ဟိုနောက်က ကောင်လေးက ဘာလို့နောက်ကလိုက်နေလဲ မသိဘူး"

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now