|| 1 ||

2.4K 117 0
                                    

// Unicode //

အေးချမ်းလှတဲ့ ခြံဝန်းလေးထဲ ကလေးဆော့ကစားသံများနှင့် ပြည့်နေလေရဲ့ ။ နေ့လည် မွန်းတည့်ချိန် ရောက်တော့ နေက ပူလွန်းလှ၏ ။ ကလေးများလည်း ဆော့ကစားနေရလို့ ချွေးတရွှဲရွှဲနဲ့ပျော်မြူးနေကြသည် ။ နေ့ခင်းနေ့လည် ကလေးများ အိပ်အောင် သိပ်ရမည် ဒါမှ ကလေးတွေ အားရှိမှာ ။ ထယ်ယောင်းလည်း မြေးလေးကို ခေါ်ဖို့ အပြင်သို့ ထွက်လာခဲ့သည် ။

"ဟိတ် ...မြေးလေး ဂျွန်ဂုဂုရေ...အိပ်ချိန်ရောက်ပြီ ...အိပ်ဖို့လာတော့ ...ဖိုးဖိုး ပုံပြင်ပြောပြမယ် "

"ရေး...တကယ်လား ...ဖိုးထယ် ...လာပြီ!!!လာပြီဗျို့!!!!"

"ဖိုးဖိုး ...တကယ်လား ......ပုံပြင်ပြောပြမှာ ...."

"တကယ်ပေါ့ ...လာ...ဒါပင်မဲ့ အိပ်ရမယ်နော် "

"ဟုတ်ကဲ့ပါ....ဖိုးထယ်ရဲ့...သားအိပ်မှာပါ...ဒါမဲ့ ပုံပြင်တော့ ပြီးအောင် ပြောပြနော် ...ဖိုးထယ်...နော်...နော်လို့"

"အေးပါကွာ...အဖိုးပြီးအောင် ပြောမှာပါ...ကဲပြော...အဖိုးဘာပုံပြင်ပြောရမလဲ "

"အင်း......ဘာပုံပြင်ပြောခိုင်းရင် ကောင်းမလဲ??"

"ယုန်နဲ့လိပ် အကြောင်း အဖိုး ပြောရမလား ?? ဒါမှမဟုတ် ပုရွတ်ဆိတ်နဲ့ နှံကောင်အကြောင်း ပြောပြရမလား ငါ့မြေး "

"ဟာ... အဖိုးရေ....အဖိုးပုံပြင်တွေက ဒိတ်အောက်လွန်းတယ် ...အသစ်အဆန်း လန်းလန်းလေးတွေ လုပ်ပါဗျ ...အဖိုးထယ်ကလဲ "

ထယ်ယောင်းတစ်ယောက် အဲ့မှာတိုင်ပတ်တာဘဲ ။ သူ့မြေးဂုဂုက အင်မတန် အကြောရှည်တာ ။ ဟိုဟာဆိုလည်း မဟုတ် ဒီဟာဆိုလည်း မဟုတ်ပြန် တကယ်ပါ ဘယ်သူနဲ့ တူမှန်းကို မသိပါဘူး ....ဟင်း.... ထယ်ယောင်း သက်ပြင်းသာ ချမိတော့တယ်

"ကဲ ...ဒါဆို ဂုဂုက ဘာအကြောင်း နားထောင်မလဲ ?? ဖိုးထယ်က ဘာအကြောင်း ပြောပေးရမလဲ
ဂုဂု "

"အင်း....ဖိုးထယ် ခဏစဉ်းစားလိုက်ဦးမယ်!!...အင်း....ဘာအကြောင်း ပြောခိုင်းရမလဲ ......ဪ!!!! ဂုဂုသိပြီ¡!!!!!!"

"ဖြေးဖြေးအော်ပါ!! နားတောင်အူတယ် ... "

"သား‌အပျော်လွန်းသွားလို့ပါ ...သားပြောခိုင်းမဲ့ အကြောင်းကို သိပြီ ဖိုးထယ် "

• dear crush • /✓/Where stories live. Discover now