Jealous ??

132 10 5
                                    

"ရှင်" တခါမှမသိတဲ့သူ မေးလိုက်သည့်စကားကြောင့် ယူအာ လန့်တောင်သွားလေသည်

"ဆရာမ ဆရာခေါ်နေပြီ" nurseက လာပြောသဖြင့် "သူ့ကို နောက်နေ့အနာကျက်မကျက် စစ်ရအောင်ပြန်လာဖို့ ရက်ချိန်းလိုက်ပါဦး"ဟု ပြောကာ ယူအာထွက်လာခဲ့လေသည်

ထိုကောင်လေးက ထွက်သွားသော သူအား ကြည့်ကာ ပြုံးလိုက်ရင်း 'တကယ်ယူအာပီသတာပဲ'

ဂျီဝူက ခွဲခန်းထဲပျာပျာသလဲဝင်လာတဲ့ ယူအာအား မျက်စောင်းနဲ့ကြည့်လိုက်ရင်း သွေးအေးအေးဖြင့် "နောက်ကျတယ်"

"တောင်းပန်ပါတယ် စလိုက်ရအောင်" ယူအာက ခေါင်းလေးငုံရင်း သူနေရာကို ဝင်လိုက်လေသည်

ခွဲခန်းက ထွက်လာပြီးနောက် ယူအာက ခုနက nurseလေးကိုရှာကာ "ခုနက လူရော သွားပြီလား?"

"သူကလုပ်စရာလေးရှိလို့ ခဏပြန်သွားတယ်လို့ ပြောပါတယ်
ဆရာမ ပြန်လာခဲ့ပါမယ်လို့ ဆရာမကိုပြောခိုင်းလိုက်ပါတယ်"ဆိုလေသည်

"ဒီလူက ဘာလဲ ငါ့ကိုပြောခိုင်းသွားရတဲ့ထိ "

ထိုအချိန်တွင် ဂျီဝူက နည်းပြအားရှင်းပြနေလေသည် "အစာအဆိပ်သင့်တာပါ ဒီညတော့ လူနာကိုဆေးရုံမှာ အိပ်ခိုင်းလိုက်ပါ ခုနနေရင် သတိရပါလိမ့်မယ် မေးစရာများရှိပါသေးသလား?"

"မရှိတော့ပါဘူး ဆရာလေး ကျေးဇူးတင်ပါတယ် "

"ရပါတယ်"ဟုဆိုကာ ဂျီဝူးထွက်လာလေသည် ဂျူတီချိန်ပြီးလို့ သူမအခန်းထဲ ပြန်တော့မဲ့ ယူအာအား မြင်လိုက်ရလေသည်

"ဂျီဝူ" ယူအာက ဂျီဝူကို မြင်လိုက်ချင်းခေါ်လိုက်လေသည်

"ဘာလဲ" ဂျီဝူက ဂရုမစိုက်သလိုနဲ့ သူဖုန်းက အချိန်ကို တချက်ကြည့်လိုက်ရင်း ပြောလေသည်

"ဒီနေ့ နင်တော်တယ်" ယူအာက ပြုံးလိုက်ရင်း သူပခုံးကိုပုတ်လိုက်လေသည်
ထိုနောက် ထွက်သွားလေသည် ဂျီဝူမှ သူမအခန်းထဲဝင်သွားမှသာ သူနှုတ်ခမ်းထောင့်လေးအပေါ်တက်သွားရုံလေး ပြုံးလေသည်

ယူအာကား တရေးအိပ်ပြီးနောက် အကိုယူဂျွန်း ဂျူတီပြီးတဲ့အချိန် ထမင်းတူတူစားရအောင် ထမင်းထွက်ဝယ်ဖို့ ထွက်လာလေသည်

You've reached the end of published parts.

⏰ Last updated: Apr 04, 2023 ⏰

Add this story to your Library to get notified about new parts!

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now