"ခက်ခဲတဲ့ ပုစ္ဆာ"

177 31 0
                                    

သူမက ချက်ချင်းထလိုက်ရင်း လူတွေဝိုင်းဖတ်နေကြတဲ့ webtoonဆီ ပြေးသွားလိုက်တယ်
"ဘယ်လို အဆုံးသတ်သွားလဲ ဒီအပိုင်းက?"

သူမနဲ့ရှန်တွေ့ခဲ့တာတွေ သူမဆေးရုံကနေပြန်လာတာတွေ အကုန်ပါတယ်ဆိုတာ မြင်လိုက်ရတယ် 'ဒီတခေါက်တော့ စာရေးဆရာမပြောင်းထားဖူးပဲ'
နောက်ဆုံးအပိုင်းကျ သူမ "ငါနင်ကိုချစ်တယ်" ဆိုတဲ့ဟာကြီး မြင်"ချင်း သူမမျက်နှာကြီးနီတက်လာလေတယ် 'နောက်ထပ်မဝင်ရပါစေနဲ့တော့'

အ့မှာတင်ပဲ အဆုံးသတ်သွားတယ် 'ဒါဆို စာရေးဆရာက မပြောင်းလိုက်တာလား? ဒီတိုင်းထားတာလား?'

သူမပြီးမှနာရီကိုကြည့်မိ၍ သူမအဖေမွေးနေ့ဖြစ်သည်ကို သတိရလေတော့သည် သူမချက်ချင်းပစ္စည်းတွေသိမ်းကာ ဆေးရုံမှအမြန်ထွက်လာလေတော့သည်

သူမနောက်မှ ယူဂျွန်းကလည်း မြင်လိုက်ပေမယ့် သူမကအလျင်စလိုထွက်သွားတာဖြစ်သဖြင့် ဘာမှမပြောလိုက်ရ 'သူမဘယ်များသွားမလို့ပါလဲ?'

သူမကအိမ်သို့ပြန်လာပေမယ့် အနည်းငယ်နောက်ကျနေသည်ကို ခံစားမိလေသည် သူမကစားပွဲဝိုင်းမှာ သူမကိုထိုင်စောင့်နေကြတဲ့ မိဘနှစ်ယောက်ကို 90° အလေးပြုလိုက်ရင်း "တောင်းပန်ပါတယ် နောက်ကျသွားတယ်"

"ရပါတယ် ထိုင်" သူတို့ကရယ်လိုက်ရင်း သူမကိုထိုင်ရန် ပြောကြလေသည်

သူမက သူမဝယ်လာတဲ့လက်ဆောင်ကို ခုံပေါ်တင်လိုက်ရင်း "အဖေအတွက်"

"ဟုတ်လား ကြည့်ရဦးမယ်" သူမအဖေက လက်ဆောင်ထုပ်ကို ထုတ်ကြည့်လေသည် "နာရီပဲ "

"သဘောကျရဲ့လား?" သူမကပြုံးရင်း မေးလေသည်

"သမီးအဖေမျက်နှာကြည့်လေ သူကြိုက်လားမကြိုက်လားဆိုတာ ပြုံးလို့ " သူမအမေက သူမအားထမင်းပန်းကန်ပေါ် အသားတွေထည့်ပေးရင်း ပြောလေသည်

"အဖေကြိုက်တယ် ကျေးဇူးတင်ပါတယ် ဟင်းတွေအေးတော့မယ် စားစား"

"အဖေလည်း မီရောဂုသောက်ပါ မွေးနေ့ကိုဂုဏ်ပြုပါတယ်" သူမက ပြုံးရင် ပြောလေသည်

သို့သော် သူမစိတ်ထဲ ရှန်ကိုပြေးမြင်မိတယ် 'သူဘယ်လိုနေမလဲ သူမိဘတွေမရှိတဲ့အ့လောကမှာ'

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now