~မသိဖူး~

130 22 0
                                    

"မင်းအလုပ်တခုလုပ်ဖို့ လိုတယ်" သူက သူမကိုလေဆိပ်က လူမသိအောင် ခေါ်လာပြီး ကားပေါ်ရောက်တဲ့အခါကျမှ ပြောလေတယ်

"ငါက အစစ်မှမဟုတ်တာ ဘယ်လို...." သူမစကားမဆုံးလိုက်သေး

"အခု မင်းမှာpassportရှိလို့ လေယာဥ်တောင်စီးလာပြီပဲ မင်းအိတ်ထဲမှာ မင်းလိုအပ်တာတွေရှိနိုင်တယ် မင်းဘာလေယာဥ်စီးလာတာ မဖြစ်နိုင်ဖူး စာရေးဆရာက ဘာတွေကြံနေလဲ ငါလည်းမစဥ်းစားတတ်ဖူးဖြစ်နေတယ်" သူက အေးဆေးပြောကာ ရေသောက်ရန် ရေဗူးကိုယူလိုက်လေသည်

ယူအာက ခရီးဆောင်အိတ်ကြီး ဗြဲယဲရှာလေတော့သည် passportကတော့ သူမလက်ထဲမှာကိုင်ထားတာဖြစ်လို့ တကူးတကရှာစရာမလို အိတ်ထဲမှာ အဝတ်အစားတချို့နဲ့ သူမဆရာဝန်လိုင်စင် မှတ်ပုံတင် ဘဏ်ကတ်နဲ့ ငွေသားတချို့ပါလေသည် 'ထူးဆန်းလိုက်တာ စာရေးဆရာမက ငါကိုထပ်ပေါ်လာမှာ မကြိုက်လောက်ဖူးထင်နေတာ'

ရှန်က သူမအိတ်ဗြဲယဲရှာနေတုန်း ဟိုဖက်ကိုလှည့်ပေးနေလေသည် "ပြီး"လား?" သူက လေသံတိုးတိုးဖြင့်မေးလေသည်

သူမကဇစ်ပြန်ပိတ်လိုက်ရင်း "ပြီး" လှည့်လို့ရပြီ"

ထိုအခါမှ သူကပြန်လှည့်လိုက်လေသည်

"အ့တော့ ငါကဘယ်လိုအလုပ်လုပ်ရမှာလဲ?"

"ငါမှာအကြံရှိတယ်" သူက ဆက်စကားမပြော သူမကလည်း ဘာဆက်ပြောရမှန်းမသိ အ့လိုနဲ့လမ်းတလျောက် တိတ်ဆိတ်နေလေသည်

ကားက လေ့ကျင့်ရေးခန်းမတခုရှေ့မှာ ရပ်သွားလေသည်

ရှန်က သူလေ့ကျင့်ရေးအထုပ်ကို ယူပြီး ဆင်းသွားလေသည် ယူအာက ဘာမသိညာမသိဖြင့် နောက်မှဆင်းလာလေသည်

ကွင်းထဲရောက်လာမှ 'စကိတ်ကွင်းကြီးဟ' ယူအာက သူမနဖူးသူမဖတ်ခနဲရိုက်လိုက်လေသည်

"ငါမင်းကို အလုပ်ပေးမယ် ငါရဲ့ ဆေးအကူဖြစ်ဖို့ကို "

"ဟင်" သူမက မျက်လုံးပြူးကာ ပြောလိုက်လေသည်

" မင်းအလုပ်က ငါမှာဖြစ်နေတဲ့အခြေအနေကို အပြင်ကိုမပေါက်ကြားစေပဲ တတ်နိုင်သလောက်ကုဖို့ပဲ "
ရှန်က သူအိတ်ကို ခုံပေါ်တင်ရင်း ပြောလေသည်

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now