"အခြားကမ္ဘာကလူ"

125 14 0
                                    

"ရှန် ရှန်" အိမ်ထဲရှိ ယူအာက ကုန်းရုန်းထလိုက်ရင်း တံခါးပေါက်ရှိသည့်ဖက်အား ဦးတည်းပြေးလေတော့သည်

သူမစိတ်ပူသည်ကား ရှန်ပဲဖြစ်သည် ထိုယူအာက သူမကိုပြန်ပေးဆွဲပြီး ရှန်နဲ့ခပ်ကင်းကင်းနေဖို့ မနေလျင် သူမကရှန်ကိုသတ်နိုင်ကြောင်း တရားချခဲ့သည်ကို ပြန်သတိရသွားသည်

သူမတံခါးပေါက်ဆွဲဖွင့်ပြီး အိမ်ရှေ့ ခုနကမှန်ရှေ့ပြေးထွက်သွားချိန်တွင်တော့ ဘယ်သူမှမရှိတော့ချေ

"ဘယ်မှာလဲ" သူမက ဖိနပ်တောင်မပါပဲ တအိမ်လုံးပတ်ကြည့်နေသည်

ခရစ်စမတ်ဖြစ်သဖြင့် နှင်းတွေကမနေ့ညကရှယ်ကျထားသဖြင့် မြေကြီးတခုလုံး နှင်းထုကဖုံးအုပ်နေလေသည် သူမက ဖိနပ်မပါပဲ ထိုနှင်းအထူကြီးပေါ် ပြေးလွှားနေခြင်းဖြစ်သည် ခြေဖဝါးတွေအေးသဖြင့် နီရဲနေလေပြီ

ကားမောင်ပြီးပြန်လာသည့် ရှန်မှ အိမ်နားမရောက်ခင်ထိ အေးဆေးရှိလှသော်လည်း အိမ်ပြန်ရောက်သည့်အခါ အိမ်ရှေ့၌ ဖိနပ်မပါပဲပြေးလွှာနေသည့် ယူအာအားမြင်ရသည့် မြင်ကွင်းက သူကိုခေါင်းခဲစေလေသည်

ရှန်ကချက်ချင်းပင် ကားထိုးရပ်ကာ ကားထဲမှထွက်လာပြီးနောက် ယူအာကို ပွေ့ချီလိုက်လေတော့သည်

လေအဝှေ့၌ သူမရဲ့ခန္ဓာကိုယ်ကမြှောက်သွားသဖြင့် သူမပင်ကြောင်သွားရလေတော့သည် "ရှန် "

သူမစကားမပြောနိုင်ခင်ပင် ရှန်က သူမအား အိမ်ထဲသယ်သွားလေတော့သည်

"ဖိနပ်မပါပဲ နှင်းထဲပြေးနေရအောင် မင်းကကလေးလား?" သူက သူမခြေထောက်မှနှင်းမှုန်များကို လက်ဖြင့်ခါပေးနေရင်း ပြောလေသည်

"ငါကအ့လိုမဟုတ် ဒါနဲ့ နင်ကပြန်လာတာ မြန်လှချည်လား?" ယူအာက စကားလမ်းကြောင်းလွဲရန် ကြိုးစားလိုက်လေသည်

'စကားလမ်းကြောင်းလွဲနေတာပဲ'

"အကျီတွေမနေ့ကတည်းကကြိုမှာထားလို့ စောစောယူလို့ရတာ ဒီမှာခဏနေဦး ငါအကျီတွေသွားယူလိုက်ဦးမယ်" ဆိုကာ ရှန်က အပြင်ပြန်ထွက်သွားပြန်သည်

"အင်းအင်း" ယူအာက ရှန်ထွက်သွားပြီးနောက် ခုနက ပြတင်းပေါက်အား ငေးကြည့်နေလေသည်

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"Where stories live. Discover now