"နှစ်စထဲက အခု၃လပိုင်းအထိ အန်ကယ့် ဘယ်နှယောက်နဲ့တွဲပြီးပြီလဲ။ရေချယ်သိတယ်နော်"

"3 ... 4ယောက်လားမသိဘူး"

"အန်ကယ် ! "

"သြော် မြမိုရ်လေးပါထည့်ရင် အတိအကျ5ယောက်ပဲ မီးငယ်လေး"

"အဲ့တာနည်းနေသေးလားဟင်။အန်ကယ်ဘာလို့
အဲ့လောက်ရှုပ်ပွေရတာလဲ"

"အန်ကယ်ကရှုပ်တာမဟုတ်ပါဘူးမီးငယ်ရာ
ချစ်တတ်တာပါ။တကယ်တမ်းပြောရရင် ဖူးစာဖက် အမှန်ကိုရှာနေတဲ့ သနားစရာလူသားလေးပါ။ဒါပေမဲ့ အကုန်လုံးကိုတော့ မေတ္တာအစစ်အမှန်နဲ့ ချစ်ခဲ့တာပါ"

"အန်ကယ်ဝဋ်လည်မှာမကြောက်ဘူးလားဟင်။
အန်ကယ်တွဲခဲ့တဲ့ အဲ့ဒီမမတွေရဲ့ မောင်၊ဒါမှမဟုတ် အစ်ကိုက အန်ကယ့်ကိုမကျေနပ်လို့ ရေချယ့်ကိုပြဿနာရှာရင် ဘယ်လိုလုပ်မလဲ"

"လုပ်ရဲလား။ဘယ်သူကထိရဲလဲ။ ရေတောင် ထောင်းသောက်ရအောင် အဲ့လူအခွက်ကိုရိုက်ပေးမယ်"

"အန်ကယ်လို့ ! အန်ကယ်အဲ့လိုရှုပ်နေတာတွေက အန်ကယ်တကယ်ချစ်တဲ့လူနဲ့တွေ့ရင်
အနှောင့်အယှက် ဖြစ်သွားနိုင်တယ်နော်"

ဒီတစ်ခါတော့ မီးငယ်ပြောတာမှန်တယ်လို့
သူထင်သည်။ထို့ကြောင့် ဂုဏ်နဂါးဆီကြည့်မိ၏။တကယ်စိတ်ဆိုးနေတာပဲ...တစ်ချက်လေးတောင် လှည့်ကြည့်မလာတဲ့အထိကို စိတ်ဆိုးနေပြီ။

"အန်ကယ် ... အန်ကယ်လို့"

"ဟမ် "

သူ့ပခုံးကို လှုပ်ပြီးခေါ်မှ အတွေးနွံထဲက ရုန်းထွက်နိုင်၏။

"ပြောနေတာက ရေချယ်လေ။ဘာလို့ အန်ကယ်နဂါးကို ကြည့်နေတာလဲ"

"အာ မဟုတ်တာ"

လူမိသွားသည်မို့ လည်တိုင်ကိုပွတ်ကာငြင်းမိသည်။သို့သော် ...

"မီးငယ် ... အန်ကယ်ဝယ်စရာလေးရှိလို့ အပြင်ခဏသွားအုံးမယ်"

ဂုဏ်နဂါးက မီးငယ်ကိုသာဦးတည်ပြောပြီး
အခန်းထဲကထွက်သွားသည်။

"ဟား ... အဲ့တာအန်ကယ့်ကိုစိတ်ဆိုးနေတာကွ"

မချိတင်းကဲရေရွတ်မိတော့ မီးငယ်ကသူ့ကို
မျက်မှောင်လေးကျုံကာကြည့်လာပြန်သည်။

HUSBAND:DaddyWhere stories live. Discover now