မျက်နှာငယ်လေးနဲ့တောင်းပန်တော့ မီးငယ်ကသူ့ကိုကြည့်လာသည်။စစချင်းမှာတင်းမာနေတဲ့ မီးငယ်ရဲ့ မျက်ဝန်းကြည်ကြည်လေးတွေက သူ့ကိုကြည့်နေရင်း မျက်ရည်ဝဲလာတာမို့ မင်းသန့်မနေနိုင်တော့ပဲ မီးငယ်လက်ကလေးကိုကိုင်ကာ...

"အန်ကယ့်ကိုစိတ်ဆိုးပြေတော့နော်"

"ဟင့် ..."

အိခနဲငိုချကာ မီးငယ်ကသူ့ကိုဖက်လာသည်။

"အဲ့ဒီဒေါက်တာကို မီးငယ်သဘောမကျရင်
အန်ကယ်လည်း ဒီလောက်နဲ့တင်ရပ်လိုက်တော့မယ်။နော် မီးငယ်ဘယ်လိုဖြစ်စေချင်လဲ"

"တောင်းပန်ပါတယ်။ရေချယ်က ဒီအတိုင်းပဲ..."

"ဟာ မဟုတ်တာ။မီးငယ်ကဘာမှားလို့လဲ။
ကိုယ့်အန်ကယ်မို့သဝန်တိုတာလေ။အန်ကယ်သိပါတယ်။မီးငယ်လေးက အန်ကယ့်အပေါ်ဆ်ိုးလို့ရလို့ဆိုးနေတယ်ဆိုတာ.... တချို့တွေများ
အန်ကယ်လို့တောင် အဆိုးမခံရဘူး နော့် မီးငယ်ရယ်"

"ဟိုက်"

"တိတ် တိတ် ... အန်ကယ်ကအဲ့လိုပြောတော့
မီးငယ်လေးစိတ်မကောင်းဖြစ်ရတာပေါ့"

"ဟိုက် ..."

"နောက်တစ်ခါဆိုတာမရှိစေရဘူး။နော်
အန်ကယ်ကတိပေးမယ်။ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် အဖြစ် အန်ကယ့်ကိုခွင့်လွှတ်ပေး"

ဒီတစ်ခါတော့ မီးငယ်က သူဖက်ထားရာမှရုန်းထွက်ပြီး သူ့ကိုစူးစမ်းသလိုလေးစိုက်ကြည့်လာသည်။

"အန်ကယ် ... အဲ့ဒီဆရာဝန်မမကို တကယ်ချစ်တာလား"

"သဘောကျယုံပါ။အန်ကယ်က ချောချောလှလှလေးတွေဆိုသဘောကျတတ်တာ မီးငယ်လည်းသိသားပဲ"

"အန်ကယ် အခုချိန်ထိရည်းစားဘယ်နှယောက် ထားခဲ့ပြီးပြီလဲ"

"ရုတ်တရက်ကြီးကွာ"

ထိုအဖြေကို​တော့ နဂါးကိုကြည့်ရင်း ခေါင်းခဲစွာဆိုး၏။နဂါးလေးက ဘာကိုစိတ်ဆိုးနေမှန်း အတိအကျ မသိပေမဲ့ မေစန္ဒီပြန်သွားပြီးမှ
အခုလိုဖြစ်တာဆိုတော့ အဲ့ဒီကိစ္စကြောင့်မှန်း
နည်းနည်းတော့ရိပ်စားမိပါရဲ့။

"မဖြေရင် စိတ်ဆိုးလိုက်တော့မှာနော်"

"ဟာ ဟာ ခုနကမှစိတ်ဆိုးပြေတာလေ။ဖြေပါ့မယ်။ ဒါပေမဲ့ အတိအကျတော့မမှတ်မိတော့ဘူး
မီးငယ်ရဲ့ ... များတာတော့များနေပြီထင်တယ်"

HUSBAND:DaddyWhere stories live. Discover now