"မီးငယ် ... ကလေးလေးကလည်း စိတ်မဆိုးပါနဲ့ တော့ကွာ။အန်ကယ်က မီးငယ်ကိုဘယ်လောက်ချစ်လဲ သိတယ်မလား"

"... "

"တစ်ခုခုကိုစိတ်ခုနေရင်တောင်ပြောမှပေါ့။
နော်  ... အန်ကယ်ဘယ်လိုလုပ်ပေးရင် စိတ်ပြေမှာလဲ။စကားလေးတော့ ပြောပါအုံး"

"... "

"မီးငယ်က အခုလိုကြီးနေတော့ အန်ကယ်လည်း  ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။မီးငယ် ငယ်ငယ်လေးထဲက အရိပ်တကြည့်ကြည့်နေလာရတဲ့ဟာကို"

"..."

"မွေးစားထားတယ်လို့ပြောတာကို မီးငယ် စိတ်မပြေသေးဘူးဆို အန်ကယ့်အခုသူ့ဆီသွားပြောမယ်။မီးငယ်ကို သမီးအရင်းလေးလိုချစ်ပါတယ်လို့။နော် ... အန်ကယ်သွားပြောလိုက်မယ်"

"လိမ်တာ"

"အန်ကယ်မလိမ်ပါဘူး။အခုပဲ တကယ်သွားပြောမှာ"

"မဟုတ်ဘူး။ရေချယ်ကို့ မွေးစားထားတယ်ဆိုတာမှန်တာပဲ။အန်ကယ်ပြန်ပြောပေးဖို့မလိုပါဘူး"

"မဟုတ်ဘူး မဟုတ်ဘူးနော်မီးငယ်။မီးငယ်ကို
မွေးစားထားတယ်ဆိုပြီး မီးငယ်နဲ့ပတ်သက်သမျှ
အန်ကယ်ဘာကိုမှ ပေါ့ပေါ့တန်တန်မတွေးခဲ့ဘူး"

"အရင်ကဆို အန်ကယ့်ရည်းစားတွေနဲ့ မိတ်ဆက်ပေးရင်... သမီးလေးပါလို့မိတ်ဆက်ပေးတဲ့အန်ကယ်က အခုကျတော့ ရေချယ်ပြောတာကိုငြင်းခဲ့တာ။ ဒါပေမဲ့ ရေချယ်သိပါတယ်။ရေချယ်က မွေးစားသမီး။  အခုလိုပြောတာ အန်ကယ်မမှားပါဘူး"

ရှင်းလေရှုပ်လေဖြစ်သွားတဲ့အခြေအနေမှာ မင်းသန့်ပြုံးမောင် ပျာယာခတ်သွားရသည်။တဆက်ထဲမှာပဲတုန်လှုပ်လာရသည်။မီးငယ်ကို သူတို့မွေးစားထားလို့ဆိုပြီး ဒီကလေးအပေါ် မရိုးသားတဲ့စိတ်မထားဘူးခဲ့။သမီးအရင်းလေးလို
သဘောထားကာ မေတ္တာအစစ်အမှန်တွေသာပေးခဲ့ပေမဲ့ ဒီကလေးက သူ့အပေါ် အထင်လွဲနေခဲ့ပြီ။

"မီးငယ်ကို အဲ့လိုမတွေးခဲ့ဖူးပါဘူးကွာ။
အန်ကယ့်ကိုယုံပါ။ တစ်ကြိမ်တစ်ခါလေးတောင်မှ သမီးအရင်းမဟုတ်ဘူးလို့ မတွေးခဲ့ဘူးတာပါ။
အန်ကယ့်မိသားစုမရှိတော့ပေမဲ့ ဝမ်းမနည်းမိခဲ့ဘူး ဘာဖြစ်လို့လဲသိလား။အန်ကယ့်သမီးလေးလို ချစ်ရတဲ့မီးငယ် ရောက်လာလို့လေ။
အန်ကယ် အဲ့ဒီဒေါက်တာကိုသဘောကျတယ်
အဲ့အတွက်သတိလက်လွတ်ပြောခဲ့တာကို
မီးငယ်စိတ်ဆိုးတယ်ဆို ... အန်ကယ်ဘာလုပ်ပေးရမလဲ။ငယ်ပြော ... မီးငယ်လိုချင်တာ ဖြစ်အောင်လုပ်ပေးမယ်။ဒါပေမဲ့ အန်ကယ့်ကိုစိတ်မခုပါနဲ့။အန်ကယ်တောင်းပန်တာပါ။မီးငယ်အခုလိုနေတာနဲ့ မရင်းနှီးတော့ ရင်နာတာပေါ့... အန်ကယ်တောင်းပန်တာပါကလေးရယ်"

HUSBAND:DaddyWhere stories live. Discover now