chapter~>16 (arc-2)

Start from the beginning
                                    

အပြင်လူတွေ၏အမြင်မှာ နျဲ့ချင်းချန်၏ယခုလိုပုံစံက အ‌တော်လေး ကြောက်ဖို့ကောင်းသော်ငြား ဒီယောကျ်ားက အမှန်တော့ ဒေါသကြီးတဲ့ ကလေးတစ်ယောက်နှင့်တူသည်ဟု ကုပိုင် ခံစားရသည်။ သူ ဒေါသထွက်တဲ့အချိန်တိုင်း ကုပိုင့်ဘက်ကစပြီး သူ့ကို ဖက်တာ ဒါမှမဟုတ် နမ်းလိုက်တာနဲ့ တစ်ဖက်လူက ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်။

အမှန်တော့ ကမ္ဘာကြီးက အရမ်းကြီးတယ်။ ဘယ်ကိုသွားရမလဲ သူ မသိဘူး။ နျဲ့ချင်းချန်ရဲ့အနားမှာ နေရတာ မဆိုးပါဘူး။ သူက သခင်လေးတစ်ယောက်ကို စားနိုင်၊သောက်နိုင်ပြီး သူ့စိတ်ဝိညာဉ်ကိုလည်း အားဖြည့်နိုင်တယ်။ ချော့ဖို့ လိုအပ်တဲ့ ထိုယောက်ျားရဲ့ဒေါသအိုးကြီးကလွဲလို့ ဘဝကြီးက မဆိုးလှဘူး......

သူ့ဘဝရဲ့နောက်ဆုံးချိန်ကို ရောက်လာတဲ့အခါ နျဲ့ချင်းချန်၏မျက်လုံးထဲမှာ ရူးသွပ်ပြီး ဝမ်းနည်းပူဆွေးနေတဲ့ အချစ်တွေကို သူ မြင်လိုက်ရသည်။ ထိုလူက သူ့နားနားကပ်ကာ ပြောလာသည်။

" မင်းက ရုံချင်းမဟုတ်ဘူး။ မင်းက ရုံချင်းမဟုတ်မှန်း ကိုယ် သိတယ်။ မင်း ဘယ်သူလဲ? မင်း ဘယ်သူလဲ ကိုယ့်ကို ပြောပြပါ။ ကိုယ် မင်းကို သွားခွင့်မပြုဘူး! ကိုယ် မင်းကို သွားခွင့်မပြုဘူး! "

ဒီလူက တကယ် ခံစားမိတာပဲ။ သူ အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။ သူ့မှာ ပြန်ဖြေဖို့ ခွန်အားမရှိတာကြောင့် မျက်လုံးတွေကိုမှိတ်ပြီး မှောင်မည်းနေတဲ့ ကြယ်တာရာပြင်ဆီ ပြန်ရောက်သွားခဲ့သည်။

ကြယ်တာရာပြင်က သူ ထွက်သွားတုန်းကအတိုင်းပဲ။ မှောင်မိုက်ပြီး အေးစက်နေကာ ထိုလင်းလက်နေသော စာအုပ်များက လေပေါ်တွင် လွင့်မြောနေဆဲ။ အရာအားလုံးက သူ ထွက်သွားတုန်းကနဲ့ အတူတူပါပဲ။

" မင်းက မစ်ရှင်ကို ကောင်းကောင်း ပြီးမြောက်ခဲ့တယ်။ လုရုံချင်းက အရမ်းကျေနပ်နေတယ်။ ဒါကြောင့် ငါ မင်းကို ဆုချဖို့ ဆုံးဖြတ်လိုက်တယ်။ နောင်မှာ မင်း မစ်ရှင်လုပ်နေတုန်း အခက်အခဲတွေ့ရင် ငါ မင်းကို တစ်ခါကူညီပေးနိုင်တယ်။ အခု မစ်ရှင်ဆက်လုပ်ချင်လား ဒါမှမဟုတ် အနားယူချင်လား။ "

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now