မင်းစေ့စပ်ခဲ့ရတာကတခြားအကြောင်းရင်းရှိသေးလား
ငါတို့မသိရသေးတာမျိုးပေါ့

မရှိပါဘူးကွာ ငါပြောပြလည်း ဒီစကားတွေကအပိုတွေပါပဲ ငါ့စိတ်ကလက်ခံခဲ့တာကြောင့်ဖြစ်လာခဲ့တဲ့စေ့စပ်ပွဲလေ ငါ့မှာဖြေရှင်းချက်မရှိပါဘူးကွာ

သေချာတယ်နော် ဟေ့ရောင်

သေချာပါတယ်ကွာ

အိုကေဒါဆို ငါဖုန်းချလိုက်တော့မယ် ခွဲခန်းဝင်ရမှာမို့လို့

အေးအေး""

""ခန့်ညား မင်းကြားတယ်နော် ဒီကောင်ငါတို့ကိုဖုန်းကွယ်ထားတာရှိနေတယ်

ငါလည်း မင်းလိုပဲထင်တယ်

ဒီတော့ ငါတို့အခုလာမယ့်ပိတ်ရက်ကို ရန်ကုန်သွားမယ်

မင်းကဆေးရုံDutyတွေနဲ့ခွင့်ရပါ့မလား

ရတယ် ငါခွင့်ယူလိုက်မယ်
မင်းကရောအဆင်ပြေရဲ့လား

ရတယ် ခက်ရှိနေတာပဲဟာ ငါလိုက်ခဲ့မယ်

အိုကေဒါဆိုမင်းအဆင်သင့်ပြင်ထားလိုက်""

~~~~~~~~~~~~~~~~~~~~~~~~~~~~

""လွင် စေ့စပ်ပွဲ ဖျက်သိမ်းခံရတာအဆင်ပြေရဲ့လား

ပြေပါတယ် လွင်ဘာမှမဖြစ်ပါဘူး
ကိုနေကလွင့်အနားမှာမှမနေချင်တာ အတင်းဆွဲမထားပါဘူး ဒါပေမယ့်

ဒါပေမယ့် ဘာဖြစ်လို့လဲ လွင် ဆက်ပြောလေ

လွင်နဲ့စေ့စပ်ပွဲဖျက်သိမ်းပြီး ညသံသရာခွင်းနဲ့ပြန်ပက်သက်မယ်ဆိုရင်တော့ အဆုံးထိ နှောင့်ယှက်မှာ သူတို့ဘယ်တော့မှမပျော်ရွှင်စေရဘူး
လွင် စေ့စပ်ခြင်းကိုဖျက်သိမ်းတာ ဘာပြဿနာမှ မရှာပေမယ့် ဒီအတိုင်း ကျော်သွားလိုက်တာလည်းမဟုတ်ဘူး

ဒါပေမယ့် အဲ့တာကမှားတယ်နော်လွင်
အခုလွင်နဲ့မှသူကမသက်ဆိုင်တော့တာ
နောက်ပြီး လွင်တို့ကိုပေးရမယ့်အကြွေးလည်းအားလုံးသူတို့ဘက်ကဆပ်ပြီးသွားပြီလေ
သူ့ဘာသာရှေ့လျှောက် သူ့ချစ်သူဟောင်းနဲ့ပြန်ပက်သက်လည်း လွင့်မှာနှောင့်ယှက်ခွင့်မရှိဘူး
တားဆီးပိတ်ပင်ခွင့်မရှိဘူး

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now