အပိုင်း (၁၄)

Start from the beginning
                                    

''ဟုတ်''

အန်တီနဲ့စကားပြောနေရင်း ဘေးကလူကြီးကို မသိသမာအကဲခတ်နေမိသည်။
မြကိုနည်းနည်းလေးတောင်မှ စိတ်မပူဘူးလားဟင်။
လူကြီးမျက်နှာသည် ပုံမှန်အတိုင်းပဲမို့ နည်းနည်းတော့မချင့်မရဲဖြစ်မိသည်။

''ပျောက်တဲ့သူလည်းရှာတွေ့ပြီဆိုတော့ ဘဘုန်းကြီးတို့ဆီသွားစို့လေ
ဟိုကလေးတွေလည်း လာတော့''

လူကြီးသည် အန်တီနဲ့အတူ ရှေ့ကသွားတော့
မြလည်းအိတ်လေးကိုင်ကာ တီချယ်မြတ်ကိုတွဲရင်းလိုက်သွားရသည်။
ညအိပ်တာကတော့ လူများတာကြောင့် ဘုန်းကြီးကျောင်းမှာပဲအိပ်ကြရမည်ဖြစ်သည်။
ဘုန်းကြီးကျောင်းကလည်း အဝေးကြီးသွားရသည်တော့မဟုတ်...ရတီတို့အိမ်နဲ့ လမ်းပဲခြားသည်။
သို့ပေမဲ့ ဧရိယာကြီးကအရမ်းကျယ်တာမို့
လမ်းအကြာကြီးလျှောက်နေရသည်။

''တီချယ်မြတ်
ဆရာကြီးက ဘာပြောသေးလဲဟင်''

''ဘာမှမပြောပါဘူး
တကယ်က သူ့ညီမချိန်းတွေ့နေတာကို
သူ့အစ်ကိုက ဆင်အဖွဲ့ထဲကနေ လှမ်းမြင်တာ
အဲဒါသူ့အမေကိုလှမ်းဖုန်းဆက်ရင်း သမီးကိုမတွေ့ဘူးလားမေးရင်းကနေ သမီးပျောက်နေမှန်းသိရတာ
ညည်းဆရာကြီးများ အခုရှာရမှာပေါ့ဆိုပြီး ဖုန်းကြီးဆွဲပြီးထပြေးတာ
ရတီ့အမေက ကျွန်မလည်းလိုက်ခဲ့မယ် ဆိုပြီးတူတူလိုက်သွားပေးတာပဲ
ဒါမဲ့ လမ်းမှာတင် ရတီ့ကောင်လေးကို သူ့အစ်ကိုက အတင်းဆွဲထိုးနေလို့ ဝင်ဆွဲပေးရင်း
သူ့အစ်ကိုကိုပဲ
သမီးကိုရှာခိုင်းလိုက်ရတာ''

''သြော်...
မြကိုမငေါက်လောက်ပါဘူးနော့်''

''မငေါက်ပါဘူး သမီးရဲ့''

အနည်းဆုံးတော့ ထပြေးခဲ့သေးတာပဲ လူကြီးက။
မြကိုစိတ်ပူသေးတာပဲ ဟီးဟီး။
ကိုယ့်အတွေးနဲ့ကိုကျေနပ်ပြီး ရှေ့ကသွားနေသော လူကြီးရဲ့ကျောပြင်ကြီးကို ကြည်နူးစွာကြည့်လိုက်မိသည်။
သိပ်ချစ်တာပဲ လူကြီးကို.......။
လာမရှာခဲ့ရင်တောင် လာရှာဖို့ကြိုးစားခဲ့သေးတာပဲ။

''တီချယ်မြတ် ညစာ ကလေးတွေကိုဘာကျွေးမှာတဲ့လဲ''

''ဘုန်းကြီးကျောင်းကကျွေးမှာလေ
ကြက်ကုန်းဘောင်ထင်တယ်''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now