အပိုင်း (၁၄)

Start from the beginning
                                    

တီချယ်မြတ်သည် မြနားသို့တိုးလာကာ တိုးတိုးလေးပြောတော့ မြလည်းအံသြသွားရသည်။
သူ့ရည်းစားနဲ့ ချိန်းမယ်ဆိုလည်း ရည်းစားနဲ့ချိန်းမယ်လို့ပြောခဲ့ပါ့လား အဲဒါဆိုဆိုင်ထဲကပဲ စောင့်မှာပေါ့။
အခုတော့အကုန်အလုပ်ရှုပ်ကုန်ရပြီ။

''မမ မမပျောက်သွားတယ်ဆိုလို့ သမီးမှာလန့်သွားတာပဲ''

မြသည် အနားရောက်လာကာ
ခါးကိုဖက်ထားသော
အငယ်မကို ခေါင်းလေးဖွပေးလိုက်သည်။
အငယ်ကိုစိတ်မပူရဘဲ အငယ်က ကိုယ့်ကိုပြန်ပြီးစိတ်ပူပေးနေရသည်။

''ဟုတ်ပါပြီ ဒါနဲ့...အငယ်မ
မုန့်ဖိုးပေးထားတာ ကျန်သေးရဲ့လား
မရှိတော့ရင် ကိုယ့်အစ်မကိုပြောနော်''

''ဟုတ်ပါပြီ မကြီးရဲ့''

အငယ်မရယ် တီချယ်ရယ်နဲ့ထိုင်နေတုန်း
အိမ်မကြီးဘက်ကနေ လူကြီးထွက်လာသည်။
လူကြီးဘေးမှာလည်း ရတီအမေပါ ပါလာတာမို့
မြလည်းယဥ်ကျေးသမှုနဲ့ထပြီးနှုတ်ဆက်လိုက်သည်။

''သမီးရယ် အားနာလိုက်တာ
အိမ်က ကောင်မကိုက မလိမ္မာတာပါအေ''

''မဟုတ်ပါဘူး အန်တီရဲ့
သမီးလည်း လူတွေတအားရှုပ်တော့မျက်စိလည်သွားလို့ပါ ကလေးကိုတအားမငေါက်ပါနဲ့နော်
မြကလည်း တောင်းပန်ပါတယ် အန်တီရယ်
အဲဒီနေရာမှပဲစောင့်နေလိုက်ရမှာ''

''အို...ဘယ်ဟုတ်ပါ့မလဲ
ပွဲကတအားစည်တော့ ရမ်းကားတဲ့လူတွေနဲ့တွေ့သွားရင် ဘယ့်နှယ်လုပ်မလဲ
အခုတောင် သားကြီးကိုလှမ်းဆက်သွယ်ပြီးရှာခိုင်းရတာ တွေ့လာလို့တော်သေးတယ်''

''ဟန်နီရော အဆင်ပြေရဲ့လားဟင်''

''အန်တီ နှစ်ချက်ရိုက်ထားလို့ ငိုနေတယ်
သူထားတဲ့ရည်းစားက လူရှုပ်လူပွေ
ကလေကချေကောင်မို့ အန်တီတို့က ဒီလောက်တားနေရတာပါအေ မဟုတ်ရင် ဒီလောက်ထိမချုပ်ချယ်ပါဘူး''

''ဒီဘက်ခေတ်ကလေးတွေက ဇွတ်အတင်းချုပ်ချယ်ရင် ပိုဆိုးကြတယ် အန်တီရဲ့
အကျိုးသင့်အကြောင်းသင့်ရှင်းပြနိုင်မှ လက်ခံကြတာ''

''အေးပါအေ
အန်တီက အလုပ်ကပင်ပန်းပါတယ်ဆို ဒါတွေထိလိုက်ပြောနေရတော့ တစ်ခုခုဆိုအရင်ရိုက်ထည့်လိုက်တာပဲ ''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now