“ရပ်လိုက်! မင်းလိုကောင်ကများ ဘယ်သူ့အားကိုးနဲ့ ငါ့လာအာခံရဲတာလဲ”

သူထင်ထားသလိုပါပဲ။ သူ့အားနောက်ကျောကနေ လှမ်းဆွဲပြီး တွန်းထုတ်လိုက်တဲ့ ကျောင်းသားကြောင့် သူ့မှာကြမ်းပြင်ထက် ဘုန်းခနဲ။

ဟုတ်ပါရဲ့။ သူ့လိုအရှုံးသမားက ဘယ်တုန်းကများ အနိုင်ရဖူးလို့လဲ။

“မင်းကိုထပ်မေးမယ် မင်းငါခိုင်းတာလုပ်မလား မင်းမျက်ခွက် စုတ်ပြတ်သတ်သွားအောင် အထိုးခံမလား”

ထိုကျောင်းသားအမေးကို သူအကျောတင်းစွာ ခေါင်းခါမိလိုက်တယ်။ အထိုးခံရရင်နေပါစေ။ သူများခိုင်းဘက် ကျွန်တစ်ယောက်အဖြစ်နဲ့တော့ သူမနေချင်တော့ဘူးလေ။

“မင်းကသေဖို့လမ်းကို ရွေးနေတာဆိုတော့လည်း သေလိုက်တော့ စောက်အသုံးမကျတဲ့ကောင်!”

“အာ့!”

ဝမ်းဗိုက်ထက် အရင်ရောက်လာတဲ့ ကန်ချက်ကြောင့် သူ့နာကျင်စွာ ညည်းညူမိသည်။ တစ်စက်တည်းမှာဘဲ သူတွေးလိုက်မိတာ သူဘာကြောင့်များ ဘာမှပြန်မလုပ်ဘဲ ငြိမ်နေမိတာလဲ ဆိုသည့် ရူးကြောင်ကြောင် အတွေးပင်။

“အခုမင်းမျက်ခွက်ထဲ စုတ်ပြတ်သတ်သွားအောင် ဆွဲထိုးမယ်!”

“လုပ်ကြည့်လိုက်လေ”

ရုတ်တရက်ဆိုသလို ကျောင်းသူ/သားတွေကြားထဲ ထွက်ပေါ်လာသည့် ခပ်နက်နက်အသံ။ ‌အသံလာရာကို အားလုံးလှည့်ကြည့်ကြတာမို့ သူပါလှမ်းကြည့်မိတော့ တွေ့လိုက်ရတဲ့ ထိုလူကြောင့် သူ့မျက်ဝန်းတွေ ဝိုင်းသွားလေ၏။

ဒီလူကဘယ်လိုလုပ်ပြီးများ ဒီနေရာရောက်နေတာလဲ။

“Ren.....”

“Oh Hey မင်းကိုယ့်နာမည် မှတ်ထားတာပဲ ဆိုတော့ ဒီတစ်ကြိမ်လည်း မင်းကိုထပ်တွေ့ရတာ ဒီလိုမြင်ကွင်းနဲ့ပဲလား”

ထိုစကားကိုဆိုကာ Ren သည် ကောင်လေးဆီ အသာလှမ်းသွားလေသည်။ ပြီးသည်နှင့် ကောင်လေးအား ဆွဲထူပေးကာ သူဝတ်ထားသည့် အပေါ်ထပ်‌အင်္ကျီအား ချွတ်လိုက်ပြီး ကောင်လေးအပေါ်၌ ဝတ်ပေး‌လာလေ၏။

အပေါ်ထပ်ကောက်ချွတ်လိုက်ချိန်မှာတော့ Ren ကိုယ်ပေါ်၌ စွပ်ကျယ်အင်္ကျီ အဖြူတစ်ထည်သာကျန်နေခဲ့တာမို့ မြင်နေရသည့် Muscle တွေအပြည့် လက်မောင်းထက်ကနေ လက်ကောက်ဝတ်အထိ တက်တူးတွေပြည့်နေ့ခဲ့လေသည်။

-THAT MAN- [Complete]Unde poveștirile trăiesc. Descoperă acum