Part:24

1.9K 92 2
                                    

Unicode

ရှောင်ကျန့်သူ့မျက်လုံးနဲ့ မြင်တာတောင် ဒါတွေက အိပ်မက်လားလို့ ထင်နေမိတယ်

ဟုတ်တယ် သူကရှောင်ကျန့် နှစ်နဲ့ချီပြီး လိုက်ရှာခဲ့တဲ့ ရှောင်ကျန့်ရဲ့ သည်းငယ်

ရိပေါ် သူ့ကိုကို ကိုကြည့်ပြီး ပြုံးနေမိတယ်။သူပြေးဖက်ချင်ပေမယ့် ကိုကိုက သူ့အပေါ်စိမ်းနေမာဆိုးလို့ ဒီအတိုင်းပဲ ရပ်ကြည့်နေမိ၏။

သူ့ကိုအငေးလွန်ပြီး အတွေးတွေနယ်ချဲ့နေသော ကိုကိုက သူနဲ့အတူ ပါလာတဲ့ လီကော့
ကိုကြည့်ပြီး အရိပ်ပြခိုင်းမှ....

"နီးဟောင် CEO Xiao  တွေ့ရတာ ဝမ်းသာပါတယ်"

သူ့စကားကို မကြားသည့်အလား ရိပေါ်ကိုပဲ ကြည့်နေတာကြောင့် လီကော့ အဟမ်းလုပ်လိုက်မှ "သည်းငယ်"ဆိုပြီး စကားထွက်လာတာ

"သည်းငယ် ကိုကို လိုက်ရှာနေရတာ တကယ်ပဲ ကိုကိုသည်းငယ်မလားးးအီးးးးး"

ရုတ်တရက် ရှောင်ကျန့်အပြုအမူကြောင့် ရိပေါ်တောင့်တောင့်လေး ဖြစ်နေမိတယ်။လီကော့ကတော့ မတွေ့ဖူးသေးတာမို့ အံ့ဩလို့

"သည်းငယ် ကိုကိုအရမ်းလွမ်းနေခဲ့တာ ကိုကို အီးးးးး"

ရိပေါ်ကို တင်းကြပ်စွာ ဖက်ထားတာမို့ ရိပေါ်မာ အသက်ရှူ့ဖို့တောင်မနည်းရှူရတယ်

ရင့်ကျက်ပြီလို့ ထင်နေခဲ့တာ ဘယ်သူထင်မာလဲ ရိပေါ်ရဲ့ CEO Xiaoက အခုလိုမျိုး ကလေးလို ငိုနေတတ်သေးတာကို

ပြန်ဖက်ဖို့ လုပ်ထားပေမယ့် ထပ်စချင်တာကြောင့် ရိပေါ်ကိုကို ကိုတွန်းထုတ်လိုက်သည်။

"လူမှားနေပြီ CEO Xiao ကျွန်တော်က CEO တို့နဲ့ အတူလက်တွဲမယ့် မော်ဒယ်二三ပါ"

"မဟုတ်ဘူးးးးးမဟုတ်ဘူး ကိုကို ကိုမလိမ်နဲ့ ကိုကိုမှတ်မိတယ် သည်းငယ်ရဲ့ ကိုယ်သင်းရနံ့လေးကို ပြီးတော့ ကိုကိုနှလုံးသားက သည်းငယ်ဆိုတာ သိတယ် အကြောင့် မလိမ်ပါနဲ့ သည်းငယ်က ကိုကိုသည်းငယ်ပဲ"

မျက်ရည်တွေနဲ့ ရိပေါ်လက်ကိုကိုင်ကာ ပြောနေသော ရှောင်ကျန့်ကြောင့် သူရဲ့အတွင်းရေး
မှူးက  သခင်လေးဝမ်နဲ့ပါလာတဲ့ တစ်ယောက်ကို မျက်စပြကာ အပြင်ကို ခေါ်သွားလိုက်သည်။

အချစ်မီးWhere stories live. Discover now