Part:12

1.4K 108 11
                                    

Unicode

ရိပေါ်စားမေးပွဲ ဖြေပြီးလို့ ကျောင်းပိတ်ရက်ချိန် လော့ယန်မာရှိနေတဲ့ သူမာမားဆီ ပြန်ဖို့လုပ်လိုက်တယ်

ဖန်ရှင်းနဲ့အတူပေါ့....ကိုကို ကိုသူပြောပြထားပေမယ့် အာရုံရှိပုံမရ

တားလည်းမတား‌သလို စကားလည်း ပြန်မပြော

တစ်ကယ်တမ်း တွေးကြည့်တော့လည်း သူနဲ့ကိုကိုရဲ့ ဆက်ဆံရေးက ဘာခေါင်းစဉ်တပ်ရမာလဲမသိ

ချစ်သူရည်းစားဆိုလည်း သူကသာ ကိုကို ကိုချစ်တယ်လို့ ပြောနေတာ ကိုကိုဘက်က အခုထိ
သူ့ကို ချစ်တယ်လို့ မဆိုသေးးးးဝမ်ရိပေါ်ကိုတော့ သူ့အပိုင်ဆိုပြီး ပြောထားတယ်

ဂရုမစိုက်ဘူးလားဆိုလည်း အခြားချစ်သူမရှိတဲ့ အချိန် ဂရုစိုက်တယ်....ရိပေါ် ရွှမ်းနဲ့ သွား
လာတာကိုလည်း မကြိုက်

ဘာလို့လဲလို့မေးရင် အကြည့်လွဲကာ ရှောင်တတ်တဲ့ ကိုကို က ရိပေါ်ကို ဘယ်လိုမြင်နေတာလဲဆိုတာ တကယ်သိချင်မိတယ်

စဉ်းစားလေ ပိုနာကျင်ရလေ ဖြစ်တဲ့ ဒီဆက်
ဆံရေးကို ရိပေါ်အချိန်အကြာကြီး မထွေးပွေ့နိူင်မာ စိုးမိတယ်

"ရိပေါ် မင်းဘာတွေ တွေးနေတာလဲ?"

"အမ်...ဘာမှမဟုတ်ဘူး မားအတွက် ဘာလက်ဆောင်ဝယ်ပေးရင် ကောင်းမလဲလို့ စဉ်းစားနေတာ "

တစ်နေရာတည်းကိုပဲ အငေးလွန်နေတဲ့ ရိပေါ်က ဘာတွေတွေးနေတာလဲဆိုတာ ဖန်ရှင်းမသိပဲ နေမလားးးးး?

ငါလေမင်းကို ဘယ်လိုကူညီပေးရမှန်းတောင် မသိတော့ဘူး ရိပေါ်ရေ
.
"ကျန့် ဟိုမာ ကျန့်ညီလေးတို့ မဟုတ်လားးးးးပြီးတော့ ဟိုရွှမ်းက ရိပေါ်ကို သဘောကျနေပုံနော် "

ရှောင်ကျန့် ဇီကျောက်စကားကြောင့် လက်
သီးတွေ စုတ်နေမိတယ်။ ရွှမ်းဆိုတဲ့ တစ်ယောက်ကလည်း အသေသတ်ချင်သလို သည်းငယ်ကိုလည်း သူသွားခေါ်ချင်တယ်

သည်းငယ်က သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အတူရှိနေရင် ရှောင်ကျန့်တအားစိတ်တိုတယ်....ဘေးက ဖန်ရှင်းပါပေမယ့်လည်းပေါ့

ဇီကျောက်ကတော့ ကျန့်လက်မောင်းကို တင်းနေအောင် ဖက်ထားကာ ကျေနပ်နေသော အပြုံးတွေနဲ့

အချစ်မီးWhere stories live. Discover now