Part:10

1.7K 113 13
                                    

Unicode

ရှောင်ကျန့် သူရှေ့က ထိုင်နေတဲ့ သည်းငယ်ကို မျက်နှာမလွဲအောင် ငေးနေလိုက်တော့ ထုံးစံအတိုင်း အရှက်သည်းတဲ့ သည်းငယ်က ခေါင်းလေးငုံစွာ နားရွက်လေးပါ နီနေသတဲ့

"ကော့ရာ အဲ့လောက်ထိလည်း ကြည့်မနေပါနဲ့  ရိပေါ်ရှက်နေပြီ "

ဖန်ရှင်းအလို‌ပါ ထပ်ပြောတော့ နဂိုကတည်း
က ခေါင်းငုံနေတဲ့ ရိပေါ်က ပိုငုံသယောင်

"ဟုတ်လား သည်းငယ်"

"အာ....🙄"

ပြီတီတီနဲ့ မေးလာတဲ့ ရှောင်ကျန့်ကို ဖန်ရှင်းက မျက်စောင်းထိုးပြီး ရိပေါ်က နားမလည်သလို မော့ကြည့်နေလိုက်တော့ ကိုကိုက ရိပေါ်ကိုကြည့်ပြီး ပြုံးနေတယ်....ကိုကိုက ဘာဖြစ်ချင်နေတာလဲ

"ကျန့် "

"ကျစ်"ထိုမိန်းကလေးအသံကြားပြီး ရှောင်ကျန့်က စိတ်ရှုပ်နေဟန်

ရိပေါ်နဖူးကို နမ်းပြီး "ညနေကို့ကိုစောင့်နော်"လို့ ပြောပြီး ထွက်သွားလိုက်သည်။ကျန်ခဲ့တဲ့ ကန်တင်းထဲက ဝမ်ရိပေါ်နဲ့ လူတွေအပါအဝင် အားလုံးက တအံ့တဩနဲ့

တစ်ချို့သော မိန်းကလေးဆို ငါ့နတ်သားလေးသွားပြီ ဝမ်ရိပေါ်ကို သဘောမတူဘူးဆိုပြီး စသော တီတိုးစကားသံ အမျိုးမျိုးနဲ့

ဇီကျောက်နဲ့ဆာယန့်ကတော့ လက်သီးတွေစုတ်နေကြကာ ရိပေါ်ကို မကျေနပ်နေကြ

"ရိပေါ် ကိုဒီကို ခနထိုင်လို့ရလား?"

"ဟမ်...အာ...ရ ရပါတယ်ဗျာ"

"ကို့နာမည်က ရွှမ်း တစ်လုံးတည်း ဒုတိယနှစ်မာ "

"အာ....ဟုတ် "

ရုတ်တရက် ရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်နေတော့ ရိပေါ်က ကြောင်တောင်တောင်

ဒီလူကဘာလားပေါ့ သူလည်းမသိပဲနဲ့လေ

"ကို ရိပေါ်နဲ့ခင်မယ်နော်"

"အာ....🙄"

"ထိုင်ချင်တယ်ဆို ထိုင်ပေါ့ လျှာရှည်ချင်နေသေး"

ဖန်ရှင်းစကားကြောင့် ရိပေါ်က အားနာနေဟန်

ရွှမ်းကတော့ ပြုံးပဲပြုံးနေတော့တယ်....သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရွှမ်းက သဘောတကျနဲ့

အချစ်မီးWhere stories live. Discover now