Part:22

1.4K 98 20
                                    

Unicode

မားနဲ့အတူ ကိုးရီးယားထွက်လာပေမယ့် ရိပေါ်က ပျော်မနေခဲ့။

တစ်စုံတစ်ယောက်ကို သူလွမ်းလို့ သတိရနေတုန်းးးးးး

ပထမဆုံးချစ်ဖူးသူမို့ အရမ်းယုံကြည်ခဲ့တာ။

သူတစ်ယောက်တည်းပဲ ရှိခဲ့တာမို့ အနာဂတ်အထိ ရည်ရွယ်ထားခဲ့တာ။

ဦးရာလူဖူးစာမဟုတ်နဲ့တော့ သူတစ်ခါမှ စိတ်ကူးနဲ့တောင် မတွေးဖူးတာမို့ တကယ်
တမ်း အခုလိုမျိုး လွဲလာတော့ နာကျင်ရလိုက်တာ အမျှ....💔💔💔

ကိုကိုဆိုသော မင်းလေးက လူကိုအရူးဖြစ်အောင် လုပ်ပြီးမှ အခုလိုမျိုး လွှတ်ချသွားတာ.....အရမ်းတော်တာပဲနော်😊

မတွေးလည်းမနေနိူင် တွေးပြီဆိုတာနဲ့ ရင်
ဘတ်တစ်ခုလုံးက ကျိန်းခနဲ့နာကျင်ရပြန်ရော

ချစ်လာခဲ့တဲ့ အတွင်းမာ သူ့ကိုတစ်ခါလောက် ရင်ခုန်ဖူးလားလို့ မေးချင်မိတယ်

လိမ်သောအဖြေနဲ့ ရှိခဲ့ဖူးတယ်ဆိုလည်းပေါ့

ကိုးရီးယားက အေးချမ်းသော နိူင်ငံဆိုပေမယ့် ရိပေါ်ရဲ့ရင်ထဲက အပူတော့ လျှော့ကျမသွားခဲ့....။

"သားးးးးအခုထိ သူ့ကိုမမေ့သေးဘူးလား?"

ဘယ်မေ့နိူင်ပါ့မလဲ မာမားရယ် ဒီလူကို ချစ်တာ ပြန်မေ့ဖို့အတွက်မှ မဟုတ်တာလို့ ရိပေါ်စိတ်ထဲ တွေးနေမိတယ်

"အရမ်းကြီးလည်း တွေးမနေနဲ့တော့ အချိန်ကြာသွားရင် အဆင်ပြေသွားမာပါ လာမားတူ အပြင်ထွင်ရအောင်"

မားကို ခေါင်းပဲညိတ်ပြကာ အပြင်မာ စောင့်ခိုင်းဖို့ ပြောလိုက်တယ်။

မားပြောသလို ဒီဒဏ်ရာတွေ အချိန်တွေနဲ့ပြန်ပြီး ကုစားနိူင်ပါ့မလားးးးမှန်ထဲက သူ့ရုပ်ကို ကြည့်မိတော့ .....တစ်စုံတစ်ယောက်ရဲ့ ပုံရိပ်က
ထင်ထင်ရှားရှား ပေါ်လာတယ်။"ကိုကို သည်းငယ်ကို ချစ်လိုက်ရတာ"ဆိုသော စကားနဲ့ပေါ့

လက်ဆန့်ကာ ထိတွေ့ဖို့ လုပ်တော့ သူ့ရဲ့လက်က လေထဲမာ တန်းလန်းကြီးးးးနဲ့....။

ရိပေါ်မသိခင်မာပဲ မျက်ရည်က ကျလာပြန်ပြီ

ငါကနေနိူင်အောင် ကြိုးစားနေတာကို မင်းကဘာလို့ အခုလိုမျိုး လူကိုဝမ်းနည်းအောင် ကျလာရတာလဲ...?

အချစ်မီးWhere stories live. Discover now