Part:16

1.3K 93 20
                                    

Unicode

အသီးသွားယူပြီး ပြန်လာတဲ့ အချိန်မာ ကြားရတဲ့ စကားကြောင့် ရိပေါ်မျက်ရည်ပါ ကျရပါတယ်

"ဆိုတော့ သားက ဇီကိုလက်ထပ်ရမယ်ပေါ့"

"ဒါအမိန့်ပဲ သားလွန်ဆန်ဖို့ မကြိုးစားနဲ့ "

ရိပေါ် ဒီစကားကြားပြီး ရှေ့ဆက်မယ့် ခြေလှမ်းတွေက မီးဖိုခန်းထဲ ပြန်ဆုတ်လိုက်သည်။

ကိုကိုက ဇီကျဲနဲ့လက်ထပ်တော့မယ်ပေါ့ ဒါဆို ရိပေါ်ကရော.....?

"သည်းငယ် "

"ဗျာ....🙄"

"ဘာတွေတွေးနေလို့ အဲ့လောက်ထိ လန့်ရတာတုန်း"

ကိုကိုက ရိပေါ်ကို ထားခဲ့တော့မလားလို့ မေးချင်တယ် တကယ်ပဲ ကိုကိုက ဇီကျဲနဲ့ လက်
ထပ် ရိပေါ်တကယ် ကျန်ခဲ့တော့မလားး?

"ပြောလေ သည်းငယ်ရဲ့ "

ရိပေါ်ခေါင်းကို ဖွကာ စိတ်ပူသလိုနဲ့ မေးလာသော ကိုကိုကြောင့် ရိပေါ်ခေါင်းအမြန်ခါလိုက်သည်။ ကိုကိုက လက်ထပ်မယ်ဆိုရင်
တောင် အခုလက်ထပ်တာမှ မဟုတ်တာ ကိုကိုက အခုရိပေါ်ရှေ့မာမို့ ရိပေါ် အခွင့်အ
ရေးတွေ ရှိသေးတယ်....အဲ့ကြောင့် ရိပေါ်ပြုံးကာ ကိုကိုရဲ့နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်

"ကိုကို ကို ရိပေါ်ချစ်တယ်"

ရှောင်ကျန့် အခုအိပ်မက် မက်နေတာလား သည်းငယ်က သူ့နှုတ်ခမ်းကို နမ်းနေတယ်

သည်းငယ်ကလေ သူ့နှုတ်ခမ်းကို နမ်းနေတယ်တဲ့

နှုတ်ခမ်းကိုင်ပြီး အပျော်လွန်နေတဲ့ ရှောင်ကျန့်က သူ့သည်းငယ်အပြင် ထွက်သွားပြီဆိုတာ မသိသေးတဲ့ပုံ

ရိပေါ် အသီးကို သွားပို့ပြီး ပြန်လာတာတောင် ကိုကိုက နှုတ်ခမ်းကိုင်ပြီး ပြုံးနေသေးတာမို့ ရိပေါ် မျက်ရည်ကျရပါတယ်

"ကိုကို ရိပေါ်ကို မထားခဲ့ဘူးမလားဟင်"

"သည်းငယ် ဘာဖြစ်နေတာလဲ ကိုကို ကိုပြော ဘာလို့ထားခဲ့မယ့် အကြောင်းတွေ ပြောနေရတာလဲကွာ"

ရိပေါ် မငိုဖို့စိတ်ထိန်းထားပေမယ့် အသီးပို့ပြီးလို့ မားပြောတဲ့ "သူမက သားကျန့်ရဲ့သတို့သ
မီးလောင်းလေးလေ"ဆိုတဲ့ ရှောင်မားစကားကြောင့် မဖိတ်ခေါ်ပဲနဲ့ မျက်ရည်က သူ့အလိုလိုကျလာပြန်ရော

အချစ်မီးWhere stories live. Discover now