Part:18

1.2K 104 15
                                    

Unicode

ရိပေါ်နဲ့ အနီးကပ်နေရလေ သူ့အပေါ်ထားတဲ့ ရှောင်ကျန့်အချစ်က ပိုပြီးသိလာတာမို့ ရှောင်ကျန့်က ရိပေါ်ကိုဆို မျက်စိအောက်ကနေ အပျောက်မခံတော့ပါ

မနက်ဆို သူပဲထမင်းဟင်းထချက်ပေးပြီး သူပဲ ဝမ်အချွဲလေးကို နိူးခဲ့တယ်

သူပဲမျက်နှာသစ်ပေးသလို သူကပဲ သွားတိုက်ပေးပြန်ရော

ဒီအခြေအနေနဲ့ မရင်းနှီးတဲ့ ရိပေါ်က မျက်နာကလေးနီကာ ရှက်သည်းနေလို့

ပြီးခါကျရင် ရှောင်ကျန့်ကပဲ အဖို့ခဆိုပြီး အာဘွားရော အနမ်းရော အကြီးကြီး ယူပစ်လိုက်တာပဲ😁(အနန်းဘာမှမသိဘူးနော်😜)

စာသင်ချိန်ကလွဲရင် နှစ်‌ယောက်စလုံးက အတူတူရှိနေတာမို့ အိမ်ပေါ်ကဆင်းလာတာကို
လည်း မေ့နေတဲ့ပုံ......ရှောင်ပါးက ရှောင်မားမသိအောင် သူတို့လိုအပ်တာကို ဖြည့်ဆည်းပေးပေမယ့် ရှောင်မားကတော့ ဇီမှတဇီတည်းဖြစ်တုန်းးးးး

သူ့မာနနဲ့သူ ရှိနေတာမို့ အိမ်အကြီးကြီးထဲမာ လင်မယားနဲ့ အိမ်အကူတွေ ရှိနေပေမယ့် မျက်နှာချင်းမဆိုင်ကြ

တစ်ခန်းတည်း အတူနေတာတောင် ရှောင်မားက သားနဲ့သမီး အရမ်းလိုက်တယ်ဆိုသော စကားချည်းပဲ ပြောတာမို့ ရှောင်ပါးမာ ညနေခင်းကတည်းက အိပ်ဆေးကြိုသောက်လိုက်တယ်

ပြောမရတဲ့ မိန်းမကို လွှတ်ထားလို့ ရပေမယ့် သူမကြိုက်သော အရာမျိုးနဲ့ လာပွားတာကို နားငြီးမခံနိူင်ဘူးလေ....(ပညာယူထားကြပါ😁
အနန်းကတော့ တစ်ယောက်တည်းမို့ ဒါမျိုးမတတ်လည်း ရတယ်😅)

အိမ်အကူတွေက အရင်လိုမဟုတ်တော့ပဲ တိတ်ဆိတ်နေတဲ့ အိမ်ကြီးထဲမာ သခင်လေးဝမ်ကို သတိရရင်းနဲ့ ပျင်းနေကြတယ်

တစ်နေ့တစ်နေ့ အပြင်ချည်းပဲ ထွက်နေတဲ့ရှောင်မားက မိသားစုရဲ့ နွေးထွေးခြင်းကို မခံစားတတ်သူလို

စီးပွားရေးသမားပီပီ သားရဲ့ဘဝရေးကို သချာ်လိုတွက်ချက်ပြီး စိတ်ကူးထားသော အ
မြတ်နဲ့ သူမကိုပြုံးပျော်စေတယ်လို့ သူမကိုယ်သူမ လိမ်နေတာကိုတော့ သူမမသိလိုက်

အချစ်မီးWhere stories live. Discover now