အခန်း ( ၆၈ ) မြို့တော်အတွက်အသက်စွန့်ရန်ဆုံးဖြတ်ခဲ့သော သူရဲကောင်းတစ်စု

51 6 1
                                    

စွယ်စုံမှော်ဘုရင် မိုဖန် ( ဘာသာပြန် - ဂျော်ဂျီ )

အခန်း ( ၆၈ ) မြို့‌တော်အတွက် အသက်စွန့်ရန် ဆုံးဖြတ်ခဲ့သော သူရဲကောင်းတစ်စု..

.

သိသာထင်ရှားသော မည်သည့်အဖြစ်အပျက်မှ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ အလွန်ရက်စက်ပြင်းထန်သော အော်ရာတစ်ခုက မှော်မိစ္ဆာဝံပုလွေကြီး၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရုတ်တရက်ဖုံးလွှမ်းပေါ်ထွက်လာခဲ့သည်။

ထိုနောက် အလွန်ရက်စက်ရိုင်းစိုင်းကြမ်းတမ်းသော အော်ရာမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ညောင်မုတ်ဆိတ်ရွာလယ်လမ်းဟောင်းနေရာတစ်ခုလုံးကို လျှင်မြန်စွာ ဝါးမျိုလွှမ်းခြုံသွားခဲ့တော့သည်။

— ဝေါ.. ဝရော.. —

သက်တမ်းရင့် ညောင်မုတ်ဆိတ်ပင်ကြီးများ၏ ကြမ်းကြမ်းတမ်းတမ်း ယိမ်းထိုးလှုပ်ရှားလာမှု့များကြောင့် သစ်ကိုင်းခြောက်.. သစ်ရွက်ဆွေးများ မြေပြင်ပေါ်သို့ တဖျောဖျော လွင့်ပျံကျလာကြ၏။

“ယွိအောဂ်.. စွမ်းအင်ပိုသုံးပြီး ရေခဲလွှာထပ်ပိုး ချုပ်နှောင်ဖို့ ကြိုးစားစမ်း..”

တစ်စုံတစ်ခုကို သတိထားမိလိုက်သည့် ကိုးစဲထောင်က ယွိအောဂ်ကို ချက်ချင်းအော်ပြောလိုက်သည်။

“မရဘူး.. သူ့အော်ရာက အရမ်းပြင်းထန်လွန်းတယ်.. ငါ.. ငါ အသက်ရှူလို့မဝတော့ဘူး..”

ယွိအောဂ်က ဖြူဖျော့စွာ ပြန်ပြောလိုက်၏။

ရူးသွပ်နေသော မှော်သားရဲကြီးဆီမှ ထုတ်လွှတ်လာသော အော်ရာအရှိန်အဝါက မိုဖန်၏ မျက်နှာပေါ်သို့ ရောက်ရှိဖြာကျလာခဲ့စဉ် ပင်လယ်လှိုင်းလုံးကြီးများ သူ့အပေါ်ပိကျလာသလို ခံစားလိုက်ရ၏။

ရေခဲလွှမ်းမိုးခြင်း မှော်စွမ်းအင်ဖြင့် ယခုတိုင်ချုပ်နှောင်ထားခြင်းခံရသောကြောင့် စိတ်ထင်တိုင်း ဒေါသ‌ဖေါက်ခွဲ ပေါက်ကွဲတိုက်ခိုက်ခြင်း မပြုလုပ်နိုင်သော မှော်မိစ္ဆာဝံပုလွေကြီးသည် မခံမရပ်နိုင်စွာဖြင့်  ကောင်းကင်သို့မော့ကာ သည်းထန်သောအသံဖြင့် နင့်နင့်သည်းသည်း အသည်းကြွေမတက် အူဟောင်အော်ဟစ်လိုက်သည်။

စွယ်စုံမှော်ဘုရင် မိုဖန်Where stories live. Discover now