အခန်း ( ၁၄ ) ကောင်းကင်ဖီဆန်ကျင့်ကြံခြင်း

81 11 0
                                    

စွယ်စုံမှော်ဘုရင် မိုဖန် ( ဘာသာပြန် - ဂျော်ဂျီ )

အခန်း ( ၁၄ )ကောင်းကင်ဖီဆန် ကျင့်ကြံခြင်း

နောက်ဆုံးတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက ကျောက်တုံးလှေခါးထစ်လေးများပေါ်တွင် ပေါ်လာခဲ့သည်။

သူသည် သူမ၏ ဘီးတပ်ကုလားထိုင်လေးကို သယ်လာ၏။

သူ့မျက်နှာပေါ်တွင်မူ အနည်းငယ် ကလေးကလားနိုင်သော ခပ်ရေးရေး ပြုံးရိပ်တစ်ခု ထင်ဟပ်နေခဲ့၏။

ယဲ့ချင်းရှ၏မျက်လုံးအစုံသည် ဝင်းခနဲဖြစ်သွားပြီး သူမ၏ နှလုံးခုန်သံသည်လည်း ခုမှသာ ပုံမှန်ပြန်ဖြစ်သွားရသည်။

— အကိုကြီး အန္တရယ်ကင်းတယ်ဆိုရင်ရပြီ။ ကျန်တာ‌ဘာမှအရေးမကြီး‌ဘူး— သူမစိတ်ထဲတွေးလိုက်၏။

“ချင်းရှ, အကို..အဲ့ဒီလူတွေနဲ့ ဖြေရှင်းခဲ့ပြီးပြီ။ သူတို့နောက်ထပ် နှောက်ယှက်လာတော့မှာမဟုတ်ဘူး။”

မိုဖန်ပြောရင်း ဘီးတပ်ကုလားထိုင်ကို ယဲ့ချင်းရှရှေ့ ချပေးလိုက်၏။

“ညီမ....ညီမမြင်လိုက်ရတဲ့ လျှပ်စီးအလင်းတန်းတွေက၊ အခြခံအဆင့် မိုးကြိုးဒြပ်စင်စွမ်းရည် ”မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်း" ကို တစ်ယောက်ယောက်ကများ ထုတ်ဖော်လိုက်တာလား?“ ယဲ့ချင်းရှက မေးလိုက်သည်။

ထိုစကားကြောင့် မိုဖန့်စိတ်ထဲ ဂုဏ်ယူနေမိခဲ့သော်လည်း ပြုံးရုံသာပြုံး၍ ယဲ့ချင်းရှကို ကြည့်နေခဲ့လိုက်ပြီး မေးခွန်းကိုမူ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပါချေ။

ယဲ့ချင်းရှစိတ်ထဲ တစ်စုံတစ်ခုမှားနေသလို ခံစားလိုက်ရ၏။

သေချာစွာ စဉ်းစားလိုက်ပြီးနောက် သူမမျက်လုံးများအတွင်း အလွန်အမင်းအံ့ဩသော အရိပ်အချို့ ဖြတ်ပြေးသွားခဲ့သည်။

“အဲ့ဒီ..အဲ့ဒီ မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းစွမ်းအင်ကို ထုတ်ဖော်ခဲ့တာ အကိုကြီးတော့ မဟုတ်လောက်ပါဘူးနော်?”

မိုဖန်ကမူ ဝန်ခံခြင်းလည်းမရှိ ငြင်းဆန်ခြင်းလည်းမပြုဘဲ အပြုံးတစ်ခုဖြင့်သာ သူမကို ရပ်ကြည့်နေခဲ့သည်။

စွယ်စုံမှော်ဘုရင် မိုဖန်Where stories live. Discover now