သားစက်ပိတ်ထားလို့ဖေဖေ

မေသင်လွင်ဆက်ပြန်ပြီလား

ဟုတ်တယ် ဖေဖေ နားညီးလို့ ခေါ်မရအောင် ပိတ်ထားလိုက်တာ

သား ဒီကိုပြန်လာဖို့မတွေးတော့ဘူးလား

မလာချင်ဘူး ဖေဖေ သားကို စိတ်ဒုက္ခပေးမယ့်သူတွေရှိတဲ့နေရာဆီ ပြန်မလာချင်ဘူး

သားအဘိုးနဲ့အဘွားက သားကိုသတိရနေတာ
အဘိုးနဲ့အဘွားကိုလာမတွေ့တော့ဘူးလား

သား စဥ်းစားနေပါတယ်

သားကျောင်းပြီးပြီဆိုရင် ဒီကိုပြန်လာတော့ကွာ
ဖေဖေမင်းကိုလုပ်ငန်းတွေလွှဲပေးပြီးအနားယူချင်ပြီ

ဖေဖေက အကောင်းကြီးရှိသေးတာကို

ဟေ့ရောင် ဖေဖေက နေမကောင်းဖြစ်မှအနားယူရမှာလားကွ

ဟားဟား စတာပါ ဖေဖေရာ

အဲ့အချိန်ရောက်မှထပ်ပြောတာပေါ့ နော့်ဖေဖေ

ဟုတ်ပါပြီကွာ ဒါဆို သားလည်း ကျန်းမာရေး ဂရုစိုက်ဦး

ဟုတ် ဖေဖေလည်းဂရုစိုက်နော်
မေမေ့ကိုတော့မမှာတော့ပါဘူး
အမြဲ ကျန်းမာသွက်လက်နေမှာအသေအချာပဲလေ

အေးအေး ဒါဆို ဖေဖေ ဖုန်းချလိုက်တော့မယ်

ဟုတ်ကဲ့ ဖေဖေ ""

ဖေဖေနဲ့အဆက်အသွယ်ရှိပေမယ့် မေမေ့ကိုတော့ လုံးဝမဆက်ဖြစ်ပါ
သူရှိနေတဲ့နေရာကိုသိပေမယ့် လိုက်လာရင် ဘယ်သူမှ မသိတဲ့နေရာဆီ ထွက်သွားမယ်ချိန်းခြောက်ထားလို့ မေမေရော မေသက်လွင်ပါ သူ့ဆီလိုက်မလာရဲတာ
တီလေးမိသားစုက သူ့အပေါ်မှာ မိသားစုအရင်းအခြာလိုဆက်ဆံတာမို့ အနေကြပ်တာမျိုးမရှိပါ
တီလေးခင်ပွန်းက နယ်သာလန်နိုင်ငံသားဖြစ်ပြီး Construction Company ထောင်ထားတာမို့ သူကျောင်းပြီးရင် Companyမှာ အလုပ်ဝင်ဖို့ စည်းရုံးနေတာ

မေသက်လွင်ကတော့ သူ့ဆီ လိုက်လာလို့မရတော့ Singapore ကနေ နားဒုက္ခလှမ်းပေးတယ်
ဖုန်းနံပါတ်အမျိုးမျိုးနဲ့ဆက်တတ်လွန်းလို့ ဖုန်းပိတ်ထားရတာလည်း ခဏခဏပဲ

~~~~~~~~~~~~~~~~

ပြပွဲနေ့~~~~~~~~~

""တီခိုင်ရေ သမီး ဒီနေ့ ပြပွဲမှာ ရှိနေမှာ နေ့လည်ပိုင်း ပြန်မလာဖြစ်ဘူး ညနေမှပြန်လာဖြစ်မယ် အဲ့တာ သမီးကို နေ့လည်စာ မစောင့်နဲ့နော်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now