အခန်း ( ၆၇ ) အဆင့်မြင့်အဆင့် မှော်မိစ္ဆာဝံပုလွေ..

Start from the beginning
                                    

“ဒါဆို ဒီနေရာမှာသောင်းကျန်းနေတဲ့မိစ္ဆာက ဒီကောင်ကြီးပဲပေါ့.. သိပ်မကြာခင်ကမှ ဒီသတ္တဝါအတွက် ဆုကြေးမစ်ရှင်တစ်ခုကို ငါ့အဖေ ထုတ်ပြန်ထားခဲ့သေးတယ်.. ဒီနေတော့ ဒီသတ္တဝါကြီး ငါတို့နဲ့ တွေ့ကြပြီပေါ့ကွာ..”

ကိုးစဲထောင်ဘေးတွင် ရပ်လျက်ရှိသော ပိန်ပိန်ပါးပါး၊ အသားအရေခပ်လတ်လတ်နှင့် မှုန်ကုတ်ကုတ်မျက်နှာပိုင်ရှင် လူငယ်တစ်ယောက်က ဝင်ပြောလိုက်၏။

“ဒီနေရာကို ငါရောက်နေပြီဆိုမှတော့ ငါ.. ယွိအောဂ် မင်းတို့ မြို့တော်မှော်သားရဲလိုက်မုဆိုးအသင်းကို တတပ်တအား ဝင်ကူညီပေးရတော့မှာပေါ့..”

“အနားမကပ်နဲ့.. အဝေးကနေပဲ ရေခဲစွမ်းအင်သုံးပြီး ချုပ်နှောင်ဖို့ကြိုးစား.. ကြည့်ရတာ ဒီကောင်ကြီး သိပ်မကြာခင်က တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိထားပုံရတယ်.. အခုထက်ထိ ပုံမှန်အခြေအနေကို ပြန်မရောက်သေးဘူး.. မဟုတ်ရင် ငါတို့ဘယ်လိုမှ ရေခဲစွမ်းအင်သုံး ထိန်းချုပ်နိုင်မှာမဟုတ်ဘူး.. အခြေအနေကို ဒီ့အတိုင်းထိန်းချုပ်ထားပြီး နောက်ထပ်အဖွဲ့ဝင်တွေ ရောက်လာတဲ့အထိ ငါတို့စောင့်ရမယ်.. အထူးသဖြင့် မိုးကြိုးဒြပ်စင်သမားကိုပဲ.. ဒီလိုမှော်သားရဲမျိုးကို ရင်ဆိုင်ဖို့ဆိုရင် မိုးကြိုးစွမ်းအင်သမားထက် ပိုသင့်တော်တဲ့သူမရှိဘူး..”

“အိုး.. ကောင်းပြီလေ.. မင်းညွှန်ကြားသလို ငါလိုက်လုပ်ရမှာပေါ့..”

ယွိအောဂ် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်ကမ္ဘာကြီးအတွင်းမှ ရေခဲဒြပ်စင်ကြယ်လေးများကို ထိန်းချုပ်ကာ မှော်လမ်းကြောင်းတစ်ခုဖော်ဆောင်၍ ရေခဲစွမ်းအင်ထုတ်ဖော်ပြီး မျက်လုံးတစ်လုံး မိစ္ဆာမှော်ဝံပုလွေကြီးကို ကိုးစဲထောင်နှင့်အတူ အေးခဲချုပ်နှောင်ရန် ကြိုးစားလိုက်၏။

သူစွမ်းအင်ထုတ်ဖော်သွားပုံမှာ တကယ့်ကို လွယ်ကူချောမောလျှင်မြန်လွန်းလှပြီး အပြစ်ဆိုစရာဟူ၍ တစ်ကွက်က‌လေးမျှပင် ရှာမတွေ့နိုင်ခဲ့ပါချေ..

စွမ်းအင်ထုတ်ဖော်ပြီးနောက် အဝေးဆီသို့ သူ၏အတန်းဖော် သူငယ်ချင်းမလေးနှင့်အတူ ပြေးလွှားထွက်ခွာသွားခဲ့သော မိုဖန်ကို တစ်ချက်လှမ်းကြည့်ကာ ကိုးစဲထောင်အား မေးခွန်းထုတ်လိုက်၏။

စွယ်စုံမှော်ဘုရင် မိုဖန်Where stories live. Discover now