Part 1

3.8K 209 19
                                    

တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေကိုကြည့်ရင်း
ကျွန်မ မျက်ရည်တွေကို သုတ်လိုက်မိသည်

နှမြောလိုက်တာ အချိန်အကြာကြီး အတူရှိခဲ့တဲ့
အတန်ဖိုးထားဆုံးအရာကို ကျွန်မ ဆုံးရှုံးလိုက်ရပြီ

ပျောက်ဆုံးသွားခဲ့ပြီ ပြန်ရှာမရတော့ဘူး......

ဂရုမစိုက်မိဘဲ အလေးမထားမိဘဲ ဆုံးရှုံးသွားမှ နောင်တရမိနေပြီ

ကျွန်မ တန်ဖိုးထားရတဲ့.....ပိုက်ဆံ ငါးထောင် ကျပျောက်သွားပြီ အဲ့တာ မိုးကြောင့်

မာလာရှမ်းကောစားဖို့ စုထားတဲ့ပိုက်ဆံကို

ဖောက်ယူပြီး အိမ်ကနေ ထွက်လာခဲ့တာ

အဲ့ဒီမိုးရွာလို့ ကျွန်မ မိုးလွတ်ရာကို ပြေးရင်း

ပိုက်ဆံကျပျောက်သွားတာ

အသက်ကို ပြင်းပြင်းရှု တဖျောက်ဖျောက်ကျနေတဲ့ မိုးရေတွေကြားထဲ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ကျွန်မ အော်ဟစ်လိုက်မိသည်

မိုးရာသီ ဒီကမ္ဘာလောကကြီးထဲကနေ ပျောက်ကွယ်သွားပေး......

"Freen...သမီး ခဏ လာပါအုံး "

အမေဖြစ်သူရဲ့ ခေါ်သံကြောင့် Freen mood အပြည့် စာရေးနေရာက ရပ်ပြီး အခန်းထဲက ထွက်လာသည်

"သမီး စာရေးနေတာ အမေ ဘာခိုင်းမလို့လဲ "

"အမလေး စာသာရေးနေ တစ်ခါမှလည်း နင့်စာတွေက သတင်းစာထဲတောင် ပါလာတာမဟုတ်ဘူး "

"သမီးလည်း ကြိုးစားရေးပြီး ပို့နေတာဘဲ ဂျာနယ်တိုက်တွေကိုက သမီးစာကို မခံစားတတ်ဘဲ ပယ်ချနေတာ မတတ်နိုင်ဘူး "

"အကျိုးမရှိအသုံးမဝင်တဲ့ စာတွေရေးမနေနဲ့ အမေတစ်ခု ခိုင်းစရာရှိတယ် လုပ်ပေးအုံး "

"ဘာခိုင်းမလို့လဲ "

"မနက်ဖြန်ကျရင် အန်တီရေဘက်ကာရဲ့ သမီး Englandကနေ ထိုင်းကို ကျောင်းတက်ဖို့  ပြန်လာမယ်တဲ့ ရေဘက်ကာတော့ ပါမလာဘူးပေါ့ အဲ့တာ ရေဘက်ကာက သူတို့မရှိတဲ့အတောအတွင်း သူ့သမီးကို အိမ်မှာခေါ်ထာပေးပြီး ဂရုစိုက်ပေးပါပြောလို့ သမီးကဘဲ သူ့သမီးလေးကို လေဆိပ်သွားကြိုပေးပါလား "

ဘက်ကီရဲ့ အပျိုကြီး မမWhere stories live. Discover now