ရော့အဲ့နှစ်အိတ်လုံးသယ်လာခဲ့ ညရှေ့ကသွားနှင့်ပြီ

ရော် အားကိုးတော့လည်းချက်ချင်းကြီးပါလားဗျာ

ဘာလဲ မရဘူးလား

ရပါတယ် ကိုယ်က အားကိုးခံချင်နေသူပါဗျာ""

အဲ့လိုလေးအမြဲပြုံးနေပေးပါည မင်းမျက်နှာလေးက အပြုံးချိုချိုလေးတွေနဲ့ပဲလိုက်ဖက်တာ မျက်ရည်တွေနဲ့ မလိုက်ဖက်ဘူး

^*^*^*^*^*^*

လေဆိပ်ကိုရောက်တော့
"ဂုဏ် ဒါဆို ညသွားတော့မယ်နော်

ကိုယ့်ရင်ခွင်ထဲ လာပါဦးကွာ ""
သူ့ရင်ခွင်ထဲမှာမြုပ်နေတဲ့ချစ်ရသူလေးအား ကြားလေတိုးလို့မရအောင် တင်းကြပ်စွာ ဖတ်ထားမိတယ်
ကိုယ်မင်းကို သိပ်ချစ်တယ် ကိုယ့်ဘဝရဲ့အဓိကအက္ခရာကမင်းပဲ ညနဲ့ဝေးဖို့ဖြစ်လာစေမယ့်အခြေအနေတွေကိုတွေးမိတိုင်း သူ့မျက်ဝန်းမှာကျန်းစပ်လာပြီး မျက်ရည်တို့ခိုသီးလာတယ် ကိုယ် မင်းနဲ့ခဏလေးတောင်မဝေးချင်ဘူး..............................

နွေးထွေးမှုရှိပြီး သူ့အနားရှိနေချိန်တိုင်း လုံခြုံမှုကိုခံစားရစေတဲ့ဂုဏ့်ရဲ့ရင်ခွင်ဆီကနေထွက်သွားဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပဲ

""ကဲ သွားတော့နော် လေယာဉ် ထွက်ခွာချိန်နီးနေပြီ
မန္တလေးလေဆိပ်ကိုရောက်ပြီဆိုတာနဲ့ကိုယ့်ကိုဖုန်းဆက်နော် မနက်ဖြန် ကိုယ်တို့တွေ့ကြမယ် အချစ်ကလေး

မျက်ရည်ကဘာလို့ဝဲနေတာလဲ.........

အဟား မဟုတ်ပါဘူးဗျာ ကိုယ်မျက်လုံးထဲဖုန်ဝင်သွားလို့ပါ

မလိမ်နဲ့ လေဆိပ်ထဲမှာဖုန်ကဘယ်နားရှိမှာလဲ

ကဲပါ လေယာဉ် မမီလိုက်ပဲနေမယ်

ဒါဆို ညသွားပြီနော် တာ့တာ

တာ့တာအာဘွား

အဟင်း သူများတွေကြည့်နေပြီဂုဏ်ရဲ့

ကြည့်ပါစေ ကိုယ်ကမင်းတစ်ယောက်တည်းကိုပဲအာရုံစိုက်တာ

အဟင်း ""

ထွက်ခွာသွားပြီဖြစ်တဲ့လေယာဥ်ကိုကြည့်ရင်း အိမ်ပြန်လမ်းတွေဟာ ခြောက်ကပ်နေတယ်
သူ့ဆီကနေအပြီးအပိုင်ထွက်သွားတာမျိုးမဟုတ်ရပါပဲနဲ့ ရင်ထဲမှာ ဟာတာတာနဲ့ နေရခက်လွန်းတယ်
မင်းကအဲ့လောက်ထိ ကိုယ့်ရဲ့စိတ်အာရုံကို စိုးမိုးလွန်းပါတယ်ညရယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Tempat cerita menjadi hidup. Temukan sekarang