"ဟင့်အင်း မနားချင်သေးပါဘူး။ အန်ကယ်ပြောလေ အန်ကယ်ပြောသမျှ နားထောင်ပေးမယ်လေ"

"ကြည့်စမ်း အန်ကယ့်မှာ မီးငယ်ပဲရှိတော့တယ်။ ဟိုကောင် ဂုဏ်နဂါးက နှလုံးသားမရှိတဲ့ကောင် ထင်လင်းသိုက်ဆိုတဲ့ကောင်ကရော ဘာဆန်းသလဲ။အလကား…သူလည်း နှလုံးသားကမွေးကတည်းက ပါမလာဘူး ။ ချစ်တတ်တဲ့နှလုံးသားမရှိတဲ့ အလကားကောင်တွေ အိမ်မှာ ရေခဲတောင်ကြီးနှစ်ခု ယှဉ်ရောက်နေပြီ"

ဧည့်ခန်းထဲမှာထိုင်ကာ သတင်းစာဖတ်နေရင်း အလကားနေသူ့ကိုပါဆွဲထည့်နေတဲ့ အမူးသမားမင်းသန့်ကြောင့် ထင်လင်းသိုက်သဘောကျကာရယ်မိသည်။

ဂုဏ်နဂါးကိုကြည့်တော့ သူ့မျက်နှာကြီးက
ဆူပုတ်ကာ လက်ပိုက်ထား၍ မီးဖိုခန်းဘက်သာ ကြည့်နေ၏။

"နဂါး … မင်းနဲ့ပြဿနာလား"

"အလကားပါကွာ။အဲ့ကောင် ဘယ်ရည်စားနဲ့ ပြတ်ပြီး အသည်းကွဲလာတာလဲမသိဘူး။ အဲ့တာကို ငါ့ဆီတရားခံရှာနေတာ။ သူ့ဟာသူ မူးလဲေ-သတာအရေးမကြီးဘူး။နေမကောင်းတဲ့ ကလေးကို ဘာကိစ္စဆွဲထားမှန်းမသိဘူး။
ခဏနေဆို ဆေးတိုက်ပြီးအိပ်ခိုင်းရမဲ့ဟာကို
အဲ့ဒီကလေးလေးကလည်းလေ အမူးသမားပြောတာကို လိုက်နားထောင်နေ ဘယ်လိုသားအဖတွေမှန်းကိုမသိဘူး"

ဂုဏ်နဂါးရဲ့ဒေါသက မီးငယ်ဆီကိုပါ ရောက်လာတော့မည်မို့ ထင်လင်းသိုက် ခေါင်းသာခါမိတော့သည်။ဒီရက်ပိုင်း မီးငယ်သူ့ကို ခဏခဏလာပြောသည်…အန်ကယ်နဂါးနဲ့ အန်ကယ်သန့်ကို မင်္ဂလာဆောင်ပေးလိုက်ရအောင် အန်ကယ်သန့်က အန်ကယ်နဂါးကို ချစ်နေပြီတဲ့။ အခုအခြေအနေက ဘာလည်းဆိုတာ ထင်လင်းသိုက်လိုက်မမှီနိုင်တော့ပါ။

"ဟေ့ကောင် အဲ့တာက ဘယ်ကိုလဲ"

ထိုစဉ် မီးဖိုခန်းထဲကနေထွက်လာတဲ့ မင်းသန့်ကို အော်ပြန်၏။

"မပြောဘူး နှလုံးသားမရှိတဲ့သူ အေ့ သူနဲ့ စကားမပြောဘူး"

"အေး မပြောလည်းနေ။မင်းမပြောရင်လည်း ကလေးကိုခေါ်မသွားနဲ့ ထားခဲ့။ဆေးတိုက်ပြီး အိပ်ခိုင်းတော့မှာ"

"မင်းကလေးလား"

"နေမကောင်းသေးတဲ့ကလေးမို့ ပြောနေတာကွ"

HUSBAND:DaddyWhere stories live. Discover now