"ဘာမှမရှိတော့ဘူး…သူတို့အားလုံးက မီးငယ်ကို အန္တရာယ်မပေးနိုင်ဘူး။တိတ်ပါ…ကိုယ်ရှိတယ်လေ။မီးငယ်ဘေးမှာ ကိုယ်အမြဲတမ်းရှိနေတယ်"

မီးငယ်နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်တော့ သူမလေးကပြန်ပြီး ငြိမ်ကျသွားသည်။

"ကိုယ်ရှိတယ်…မကြောက်နဲ့နော်"

ခေါင်းကိုဖွဖွပွတ်ပေးနေစဉ် မီးငယ်က ပြန်အိပ်ပျော်သွားသည်။ခေါင်းကို သူ့လက်မောင်းပေါ်တင်၍ ပွေ့သိပ်ကာ ဒီညတော့ သူအခန်းပြန်လို့မဖြစ်တော့တာ သိလိုက်ရ၏။

အခန်းထဲကအော်သံက ပြန်တိတ်သွားတော့မှ နဂါးရောမင်းသန့်ပါ သက်ပြင်းချမိသည်။

"တော်သေးတာပေါ့ကွာ ကလေးက ဒီလောက်နဲ့တိတ်သွားလို့။မဟုတ်ရင် မောင်တို့တော့ ရင်ပူရမှာ နော်…မောင့်အချစ်"

"မင်းသန့်"

"ဟင် ပြောလေ"

"မင်း ငါ့ကို မောင့်အချစ် လို့မခေါ်ပဲနေလို့
မရဘူးလား။မင်းမှာလည်း ရည်းစားတွေ ရှိနေတာပဲ…မင်း အဲ့လိုခေါ်တော့ မင်းရည်းစားတွေ ငါ့ကိုဘယ်လိုမြင်မလဲ"

"ဘယ်လိုမှမမြင်ဘူးလေ"

"သူတို့မမြင်လည်း ။ ငါမကြိုက်ဘူးမင်းသန့်"

"ဟာ မောင့်အချစ်ကလည်း"

"တော်စမ်းပါကွာ ! ငါ့ရှေ့မှာ မိန်းမထည်လဲတွဲလာတဲ့မင်းဆီက အခုလိုအခေါ်ခံရတာ ငါ့သိက္ခာကိုချနေသလိုပဲ ခံစားရတယ်…ငါမကြိုက်ဘူး ဆင်ခြင်ပေးပါ"

"ချစ်လို့ဟာကို မောင့်အချစ်ကလည်း"

"စိတ်ကုန်လိုက်တာမင်းသန့်ရာ"

ညည်းညူးစွာပြောရင်း ချက်ချင်းထရပ်ကာ
သူ့နားကထွက်သွားတဲ့ ဂုဏ်နဂါးကိုကြည့်ရင်း မင်းသန့်တားချိန်တောင်မရလိုက်ပါ။ နဂါးက
သူ့ကိုစိတ်ကုန်လိုက်တာတဲ့…

"မောင်ကစနေတာကိုကွာ"

ဝမ်းနည်းသံကြီးက ညလေအဝေ့မှာ တုန်ရီစွာဖြင့်။

:::::::

ယဉ်ကျေးမိုးကို နိုင်ငံခြားပညာသင်ဆုပေးကာ လန်ဒန်ကိုလွတ်လိုက်သည့်ကိစ္စနှင့် တီချယ်မိုးသူကို  အမှုဆောင်ဒါရိုက်တာအဖွဲ့ထဲ သွင်းလိုက်တဲ့ကိစ္စက ကျောင်းမှာhot newလိုဖြစ်နေသည်။

HUSBAND:DaddyWhere stories live. Discover now