1.26: FSS_(Extra-3)That night at that hotel(Mature)

271 18 0
                                    

Unicode

'Scarlet Heaven' ရုပ်ရှင်ပြီးမြောက်သည့် အထိမ်းအမှတ်အနေဖြင့် ပွဲကျင်းပသည့်ညတွင်ဖြစ်သည်.... ဒါရိုက်တာနဲ့သရုပ်ဆောင်တွေကအစ အလုပ်သင်ဝန်ထမ်းတွေအထိအဖိတ်ခံရလေ၏... ပါတီပွဲကို ဝမ်ထျန်းဟာ သူပိုင်ဆိုင်တဲ့အဆင့်မြင့် ဟိုတယ်တခုမှာကျင်းပလေသည်...media ကုမ္ပဏီတခုကိုသာမက ဟိုတယ်နှင့်စားသောက်ဆိုင်များစွာကိုလည်း ပိုင်ဆိုင်၏.. သူဟာနိုင်ငံအတွင်းရှိ ဒိတ်ဒိတ်ပိတ်ကျဲသူဌေးတွေထဲက တစ်ဦးအပါဝင်ဖြစ်သည်

ရှယန်ရဲ့ သူ့အမွှာအကိုကိုသတ်ချင်တဲ့ ရည်ရွယ်ချက်က ရုပ်ရှင်ဧကရာဇ်ရဲ့အနစ်နာခံလိုက်မှုကြောင့် ကျရှုံးသွားလေသည်... ရှယန်က ရှယင်ကို သတ်ချင်နေတဲ့အချိန်မှာ လုဇီယွင်ကတော့ သူလုပ်ခဲ့တဲ့အရာတွေအားလုံးအတွက် ပြန်ပေးဆပ်တဲ့အနေနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့လေသည်.. ရှယင်က System ရဲ့အကူအညီနဲ့ ရှယန် သူ့ကိုသတ်မဲ့အစီအစဉ်မှ လွတ်မြောက်နိုင်ခဲ့၏... ထို့နောက် နောက်ကွယ်ကထိန်းချုပ်ကာ ဇာတ်လိုက် shou သရုပ်ဆောင်မယ့် ဇာတ်ခုံတစ်ခုကိုဖန်တီးခဲ့လေသည်... ရှယင်က တမင်သက်သက် ဟိုတယ်ခေါင်မိုးထပ်မှာ ရှုခင်းကြည်ဖို့လုပ်ခဲ့တာပင်..

ဘာပဲဖြစ်ဖြစ်သည် hotel ကသူ့ချစ်သူပိုင်တာမလို့ ဒီဟိုတယ်ရဲ့ဘယ်နေရာကိုမဆို သူသွားလို့ရတယ်...ဒီရှိုးက ရှယန်ရဲ့ အဆုံးသတ်နဲ့ လုဇီယွင်ရဲ့ အဆုံးသတ်ကို ပြသဖို့အတွက်ပင်... 

ရုပ်ရှင်ဧကရာဇ်ဟာ သူချစ်ရတဲ့ ရှယန်လက်ထဲမှာပဲသေဆုံးခဲ့ရသည်... အစမှာ သူအစားထိုးအဖြစ်အသုံးချခဲ့တဲ့ ရှယင်အတွက် အနစ်နာမခံပေးခင်အချန်က ရှယန်မှာ သူချစ်ခဲ့ရတဲ့လူပင်.... 

ဇာတ်သိမ်းပိုင်းက အဖျားရှူးသွားသည်... ရှယင်ရဲ့ လက်ရှိချစ်သူ ဝမ်ထျန်းက သူ့ချစ်သူလေးကစားနေတဲ့ အမှိုက်တွေကို ရှင်းထုတ်သွားဖို့ သူ့လူတွေကိုခိုင်းလိုက်၏... သိသာစွာပင် လုဇီယွင်သေဆုံးခြင်းက သူ့မျက်စိထဲမှာ ဘာမှမဟုတ်ပေ... လူသတ်သမား ရှယန်ပင်လျှင် သူ့မျက်လုံးထဲမဝင်ချေ... သူ့မျက်စိထဲမှာ သူချစ်ရတဲ့လူသား ရှယင်တစ်ယောက်တည်းသာရှိသည်...

ရှယန်က သူချစ်ရတဲ့ရှယင်နဲ့ သွေးတော်စပ်နေသေးတာကြောင့် ဝမ်ထျန်းက သူ့ကိုမသတ်ခဲ့ချေ... အဆုံးမှာတော့ ရှယန်ကို အသက်ရှင်လျက် ဒုက္ခတွေခံစားရအောင် လုပ်ခဲ့သည်... ကိုယ်ချစ်ရတဲ့လူကို ကိုယ့်လက်နဲ့သတ်မိသွားခြင်းက ဘဝတစ်လျှောက်လုံး ခံစားနေရမည့် ညှင်းပန်းနှိပ်စက်မှုပင်... ဝမ်ထျန်းက လုဇီယွင်ရဲ့သေဆုံးမှုကိုသုံးပြီး ရှယန်အား ထောင်ထဲတွင် တစ်ဘဝလုံးနေရဖို့ လုပ်ခဲ့လေသည်...

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now