2. 1.1 First Small Star_The beginning

580 56 0
                                    


Unicode

Systemနယ်မြေထဲတွင်

{ပထမဆုံးကြယ်ကို ရွေးပြီးပါပြီ... ကမ္ဘာထဲကိုမဝင်ခင် စွမ်းရည်တစ်ခုရွေးပါ Host ... ရနိုင်တဲ့ စွမ်းရည်တွေကို စာရင်းလုပ်ထားပါတယ်

Skill List

-သရုပ်ဆောင်စွမ်းရည်

-ဆက်သွယ်ရေး

-Hacking

_ညှို့ယူဖျားယောင်းတဲ့စွမ်းရည်

စာရင်းကိုဖတ်ပြီးနောက် ဟေးအန်ကျင်းမှာ ရယ်မောလိုက်လေသည်... "အဟက်.... ဖျားယောင်းတဲ့စွမ်းရည်တောင်ရှိတာပဲ.... စာရင်းထဲမှာပါတဲ့စွမ်းရည်တွေက တစ်ခုခုထူးဆန်းနေသလိုပဲ... အခုတော့ သရုပ်ဆောင်စွမ်းရည်ကိုရွေးမယ်" သူပြောလိုက်ပြီးနောက် စွမ်းရည်ကို လက်ခံရရှိလိုက်လေသည်...

တစ်ခဏလောက်ကြာပြီးနောက် Systemထဲတွင် တံခါးတစ်ချပ်ပေါ်လာသည်... Systemက သူ့ကို တံခါးအကြောင်း မိတ်ဆက်ပေး၏...

{ဒါက စွမ်းရည်လေ့ကျင့်မယ့်နေရာကိုသွားတဲ့တံခါးပါ Host ... အထဲမှာ Host ရွေးချယ်ထားတဲ့စွမ်းရည်ကိုသင်ပေးပါလိမ့်မယ်... Training Roomထဲမှာ နှစ်တစ်ရာက Systemထဲမှာ တစ်နာရီသာရှိပါတယ်... အဲ့တာကြောင့် ဘာမှမစိုးရိမ်ပါနဲ့... ကျေးဇူးပြုပြီး သရုပ်ဆောင်စွမ်းရည်ကိုလေ့ကျင့်ဖို့ ဒီတံခါးထဲကိုဝင်ပေးပါ}

ဟေးအန်ကျင်းက တည်ငြိမ်စွာပဲ ပြန်ပြောလိုက်သည်... "ဟုတ်လား"

တံခါးနားသို့ အန်ကျင်းသွားလိုက်၏... နှုတ်ခမ်းထောင့်မှာ မရိုးသားတဲ့အပြုံးတစ်ခုပန်ဆင်ထားရင်း တံခါးကိုဖွင့်ကာ Training Roomထဲသို့ အကြောက်အလန့်လုံးဝမရှိဘဲ ဝင်လိုက်လေသည်...သူ့မှာ သေချာတဲ့ယုံကြည်မှုတစ်ခုသာရှိလေ၏...

နာရီဝက်လောက်ကြာတော့ Training roomရဲ့တံခါးက ထပ်ပေါ်လာလေသည်... ဒီတစ်ကြိမ်တော့ ဟေးအန်ကျင်းက ဘာမှမပြောင်းလဲသွားသလို ပြန်ထွက်လာ၏.. သို့သော် Systemကတော့ သူ့Hostမှာ သရုပ်ဆောင်စွမ်းရည်ကို သင်ပြီးပြီဆိုတာ သိလိုက်သည်... သရုပ်ဆောင်စွမ်းရည်ကိုကျွမ်းကျင်ဖို့ ဘာလို့နှစ်ငါးဆယ်ပဲ အချိန်ယူတာလဲဆိုတာကတော့ မေးစရာမလိုတဲ့မေးခွန်းပင်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now