1.19: FSS_(Extra-2) Horror Tale-VII

127 12 2
                                    

Unicode

သူတို့လေးယောက်အတွက် မီးပုံသေးသေးလေးတစ်ခုဖိုလိုက်လေသည်... 

ဖူလျန်နဲ့ ရွှယ်လုလီတို့မှာ သူတို့အတန်းဖော်တွေရဲ့ သူတို့အား ဖယ်ကျဉ်ထားမယ့်အစီအစဉ်ကိုသိတော့ ဒေါသထွက်ပေမဲ့ ဘာမှမပြောတော့ပေ...ဒါ့အပြင် သူတို့က သဘာဝလွန်အခြေအနေတစ်ခုကို ကြုံတွေ့နေရလေ၏...

သူတို့ဒီနေရာကနေ ထွက်မသွားနိုင်ရုံသာမကဘဲ သူတို့ရှေ့ရှိ အဆောက်အအုံကြီးက အမည်မသိအန္တရာယ်တွေရှိတယ်ဆိုတာ သူတို့မျက်မြင်ပင်... အလောင်းကောင်နား ဘယ်သူမှမသွားဘူးဆိုပင်မယ့်လည်း ဘယ်သူကမှလည်း အဆောက်အအုံကြီးထဲဝင်ပြီး အဲ့ဒီသဘာဝလွန်အရာတွေရဲ့ သားကောင်မဖြစ်ချင်ကြပေ...

သူတို့ အပိတ်ထားခံရပြီး ထွက်သွားလို့လည်းမရ အထဲဝင်ရင်လည်း အန္တရာယ်ရှိသည်... အဲ့တာကြောင့် အဆောက်အအုံကြီးနဲ့ တောအုပ်ကြားရှိ မြေကွက်လပ်မှာသာနေဖို့ သူတို့ဆုံးဖြတ်ထားလေ၏...

သူတို့လုပ်နိုင်တဲ့အရာကတော့ သရဲခြောက်တဲ့နယ်မြေရဲ့အလယ်မှာ အလွန်ပြင်းထန်တဲ့ အအေးဒဏ်ကိုအံတုရင်း မနက်ထိရောက်အောင်စောင့်နေဖို့ပင်... လူတိုင်း ဒီနေရာမှာပဲ ညကိုကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်ကြသည်... အုပ်စုတစ်စုစီ အနွေးဓာတ်ရဖို့အတွက် မီးပုံလေးတွေလုပ်ပြီး စကားပြောရင်း အချိန်တွေကို ကုန်ဆုံးနေကြ၏...

"ယယ်လော့... မင်းရဲ့ tabletက အင်တာနက်လိုင်း မိသေးလား" ဖူလျန်တစ်ယောက် သူ့သူငယ်ချင်းက Liveလွှင့်ထားဆဲဖြစ်တာကြောင့် မေးလိုက်သည်...

"ဟုတ်တယ်... ဘာလို့မှန်းမသိ... ငါ Live streamကနေထွက်လို့မရဘူး... တစ်ချိန်လုံးပဲ... အဲ့တာကြောင့် ငါ့ကြည့်ရှုသူတွေကို အကူအညီတောင်းကြည့်ပေမဲ့ သူတို့အကူညီတောင်းဖို့ဖုန်းဆက်တိုင်း လိုင်းမအားဘူးလို့ ပြောတယ်... သူတို့ ရဲကိုရော ငါတို့ကျောင်းကိုရော ဆက်သွယ်လို့မရဘူးတဲ့... ဒါပေမဲ့ ဒီ Liveကတော့ ဆက်သွားနေတာပဲ" ယယ်လော့ပြန်ဖြေလိုက်သည်...

ဒါကိုကြားတော့ ရွှယ်လုလီမျက်လုံးတောက်ပသွား၏...

"ဒီ...ဒီ Streamရဲ့ Link ကို ဘယ်နေရာကိုပဲဖြစ်ဖြစ် share နိုင်လား... သူတို့ကို လုပ်ကြည့်ဖို့ပြောလိုက်ပါ" ရွှယ်လုလီဆိုသည်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now