8: 1.7 FSS_ slag couple

459 46 3
                                    


Unicode

ရှယင်မျှော်လင့်ထားတဲ့အတိုင်း နောက်ဆုံးရလဒ်က သူလိုချင်တဲ့အတိုင်းထွက်လာသည်... သူ့အင်တာဗျူးကိုမြင်တဲ့ လူတိုင်းနီးပါး သူ့ဘက်၌သာရှိ၏... ရှယင်က အမှန်တကယ်တော့ အေးစက်တဲ့လူတစ်ယောက်မဟုတ်ဘဲ ရှက်တတ်ပြီး ရိုးသားနုံအတဲ့ မင်းသားလေးတစ်ယောက်ဟု လူတွေမြင်လာကြသည်... သူ့ဖန်အရေအတွက်မှာ ရက်အနည်းငယ်အတွင်း ရှယန်ထက်များကာ မီလီယံပင် ကျော်လာလေ၏...

လူအများစုက ရှယန်အား သူ့မကောင်းတာတွေဖုံးဖို့ အစ်ကိုဖြစ်သူကို အသုံးချတဲ့အပေါ် ကဲ့ရဲ့နေကြသည်... ရုပ်ရှင်ဧကရာဇ်ပင်လျှင် သူ့အပေါ်အားလုံးပေးဆပ်ထားသည့် ရှယင်ကိုပစ်ပြီး ရှယန်ဘက်မှာသာရှိနေတာကြောင့် ဝေဖန်ခံနေရ၏... လုဇီယွင်သစ္စာရှိတဲ့ဖန်တချို့သာ ရှယင်က သူတို့နတ်ဘုရားကိုအပြစ်တင်ဖို့ သရုပ်ဆောင်နေတာဟုဆိုကြသည်... နောက်ဆုံးမှာတော့ သူတို့နဲ့ ရှယင်ဘက်ကရပ်တည်တဲ့အဖွဲ့တို့မှာ အွန်လိုင်းပေါ်တွင် အကြီးအကျယ် ရန်ပွဲများဖြစ်နေကြသည်...

ရှယန်ရဲ့ကွန်ဒိုတွင် ရှယန်က သူ့ကိုအပြစ်တင်နေတဲ့သတင်းတွေကိုမြင်ပြီးနောက် မြင်မြင်သမျှ အကုန်ရိုက်ခွဲနေလေ၏... အထူးသဖြင့် သူ့အမြွှာအစ်ကိုကို အရမ်းမုန်းတယ်... အဲ့အင်တာဗျူးအတွက်ရော ရုပ်ရှင်ဧကရာဇ်က ဘာကိုမှပြန်မဖြေရှင်းတာအတွက်ရော အားလုံးကို အရမ်းမုန်းတယ်...

အခန်းထဲရှိ ပစ္စည်းတော်တော်များများကို ဖျက်ဆီးပြီးနောက် ကြောက်ရွံ့နေတဲ့ သူ့အေးဂျင့်က သူ့နားကို ချဉ်းကပ်လာသည်... ရှယန်၌လည်း အညိုရောင်ဆံပင်တွေရှိတယ်ဆိုပေမဲ့ ရှယင်ရဲ့ရွေရောင်ဘက်သမ်းနေတဲ့ ဆံနွယ်တွေထက် နည်းနည်းအရောင်မမှိုင်း၏...

"Dammit!! ဘာလို့ အဲ့ဒီတုံးအတဲ့ကောင်က ဒီလိုမျိုး ပြောလိုက်တာလဲ! စောက်မီဒီယာတွေနဲ့ ဖန်တွေ တကယ့်အမှန်ကို သိသွားအောင်လုပ်နေတာလား!" ရှယန်က ဒေါသတကြီးဆိုသည်...

"စိတ်လျှော့ပါ... ရုပ်ရှင်ဧကရာဇ်က ဒီကိစ္စ သူ့ကိုလွှဲထားဖို့မပြောဘးလား" သူ့အေးဂျင့်က ပြောလိုက်သည်...

ဒါကိုကြားတော့ ရှယန်နည်းနည်း စိတ်ပြေသွား၏... "ယွင်ကောကောက တစ်ခုခုပြောသေးလား" သူမေးလိုက်သည်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now