1.22: FSS_(Extra-2) Horror Tale-X

129 11 0
                                    

Unicode

ရွှယ်ကျင်းမှာ သူ့ရှေ့ရှိလူသုံးယောက်အား ကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီးနောက် သဘောတကျပြုံးလိုက်လေ၏... သူ့နှုတ်ခမ်းလေးတွေကို ကွေးထားရင်း ရှေ့ရှိလူသုံးယောက်အား အသက်မဲ့တဲ့မျက်ဝန်းတွေနှင့် စိုက်ကြည့်လိုက်လေသည်.... ထိုမီးခိုးရောင်မျက်ဝန်းတွေက သူတို့ကိုသာ ကြည့်မနေဘူးဆိုရင် ရွှယ်ကျင်းရဲ့အမြင်အာရုံထဲမှာ ဘယ်သူမှရှိမနေသလိုပင်...

အနီရောင်ဝတ်ရုံနဲ့ အမျိုးသားက သူ့လက်ချောင်းတွေကို ဆတ်ခနဲလှုပ်ရှားလိုက်တော့ ရုတ်တရတ် စာကြည့်တိုက်ထဲက အရာတွေမှာ နဂိုအတိုင်းမရှိတော့ဘဲ သူတို့ရှိနေတဲ့နေရာမှာ ရှေးခေတ်ပုံစံသို့ ပြောင်းလဲသွားလေ၏... သူတို့ဘေးရှိစားပွဲပေါ်တွင်တော့ လက်ဖက်ရည်တွေတည်ခင်းထားပြီး ပန်းကန်ပြားတွေကိုတောင် ပြင်ဆင်ထားလေသည်...

ရွှယ်ကျင်းမှာ သူတို့ဘေးကနေ ပျင်းရိပျင်းတွဲဖြင့် လမ်းလျှောက်ဖြတ်သွားကာ နူးညံသည့်ထိုင်ခုံပေါ်မှာ အရိုးမရှသလို ထိုင်ချလိုက်သည်... ထို့နောက် သူ့ရှေ့ရှိသုံးယောက်အား ပျင်းရိငြီးငွေ့နေသည့် မျက်လုံးတွေနှင့် ဆက်ကြည့်နေလိုက်၏...

ရွှယ်ကျင်းစကားပြောလိုက်သည်... "စား... မင်းတို့စားပြီးရင် ငါအဖြေပေးမယ်~ စိတ်မပူနဲ့... ဒါတွေက လူသားတွေစားတဲ့ အစားအစာတွေပါပဲ...  မင်းတို့စားပြီးရင် ဗိုက်ပြည့်သွားတာကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ဘူးဎ"

ကြက်သွန်မြိတ်ဆန်ပြုတ်၊ အသီးအရွက်ပန်ကိတ်၊ အသား ဒါ့အပြင် လမုန့်တွေရယ် ပန်းနဲ့လုပ်ထားတဲ့အချိုပွဲတွေပါရှိလေ၏... စားပွဲပေါ်မှာတည်ခင်းထားတာတွေက သူတို့သုံးယောက်ယောက်အား ဗိုက်ထဲမှပင် အသံမြည်လာစေပေမဲ့ သရဲဘုရင်ကကျွေးတဲ့အရာတွေကို စားဖို့ထိတော့ သူတို့မဝံ့ရဲပါပေ...

သူတို့တုံ့ဆိုင်းနေတာကိုခံစားမိတော့ ရွှယ်ကျင်းမှာ ဘာမှမမြင်သလို ဟန်ဆောင်နေလိုက်သည်... အဆုံးမှာတော့ သူတို့သုံးယောက်ဆီကနေ ရွှယ်ကျင်း အကြည့်လွှဲလိုက်ပြီးတော့ လက်ထဲမှာ ရုတ်တရတ်ပေါ်လာတဲ့ စာအုပ်ကိုဖတ်နေလိုက်၏... သူတို့သုံးယောက်အား လျစ်လျူရှုဖို့ဆုံးဖြတ်လိုက်သည်... ဒီအပြုအမူက သူတို့ဘာမှမစားရင် သူဘာမှမဖြေဟု ဖော်ပြနေသည်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now