Physical Book

708 30 0
                                    

မင်္ဂလာပါ ကျွန်တော် အိုလီဗီယာပါ။ မတွေ့ရတာကြာပြီနော်။ ခေါင်းစဥ်အတိုင်းပဲ ကျွန်တော် အသိပေးစရာလေးရှိလို့လာခဲ့တာပါ။ 

ကျွန်တော်ရေးခဲ့သမျှထဲမှာ Lollipop ကိုရေးတုန်းက အပျော်ဆုံးနဲ့ စိတ်လက်အပေါ့အပါးဆုံးဖြစ်ခဲ့တာပါ။ အများကြီးလိုအပ်ချက်တွေရှိနေသေးတယ်ဆိုပေမဲ့ ပျော်ပျော်ပါးပါးနဲ့အဆုံးသတ်ဖြစ်ခဲ့ပြီး သဘောကျပေးတဲ့လူတွေရှိတာကြောင့် အများကြီး ပီတိခဲ့ရပါတယ်။ စိုင်းမာန်သစ်က ကျွန်တော်ဖန်တီးခဲ့ဖူးသမျှထဲမှာ ကျွန်တော် အချစ်ရဆုံးသော ဇာတ်ကောင်ဖြစ်ခဲ့ပါတယ်။

အစကတော့ စာအုပ်ထုတ်ဖို့ကို အများကြီးတွန့်ဆုတ်နေခဲ့မိတယ်ပေါ့နော်။ ဒါပေမဲ့လည်း အရဲစွန့်ပြီး ဒီလိုဆုံးဖြတ်လိုက်ရပါတယ်။ စာအုပ်ကလေးထွက်လာမယ့်အချိန်ကတော့ April လထဲမှာမှ ထွက်လာမှာမို့ လိုသေးတယ်လို့ပြောရမှာပေါ့နော်ဗျ။ တိုက်ကလည်း အသိပေးလိုက်ပြီဆိုတော့ ကျွန်တော့်ဘက်ကလည်း အသိပေးဖို့လုပ်လိုက်တာပါ။ Lollipop က Euphoria Book House ကနေ၊ လာမယ့် April လမှာထွက်ရှိမှာပဲဖြစ်ပါတယ်။

အစစအရာရာအဆင်ပြေပြေနဲ့ထွက်လာဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားနေပါတယ်၊ ဆိုတော့ စိုင်းမာန်သစ်တို့ကို အိမ်ခေါ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကြိုပြီး ပိုက်ဆံစုထားနိုင်အောင် ကျွန်တော်က အသိပေးတာပါခင်ဗျ။ မေတ္တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

မဂၤလာပါ ကြၽန္ေတာ္ အိုလီဗီယာပါ။ မေတြ႕ရတာၾကာၿပီေနာ္။ ေခါင္းစဥ္အတိုင္းပဲ ကြၽန္ေတာ္ အသိေပးစရာေလးရွိလို႔လာခဲ့တာပါ။ 

ကြၽန္ေတာ္ေရးခဲ့သမွ်ထဲမွာ Lollipop ကိုေရးတုန္းက အေပ်ာ္ဆုံးနဲ႕ စိတ္လက္အေပါ့အပါးဆုံးျဖစ္ခဲ့တာပါ။ အမ်ားႀကီးလိုအပ္ခ်က္ေတြရွိေနေသးတယ္ဆိုေပမဲ့ ေပ်ာ္ေပ်ာ္ပါးပါးနဲ႕အဆုံးသတ္ျဖစ္ခဲ့ၿပီး သေဘာက်ေပးတဲ့လူေတြရွိတာေၾကာင့္ အမ်ားႀကီး ပီတိခဲ့ရပါတယ္။ စိုင္းမာန္သစ္က ကြၽန္ေတာ္ဖန္တီးခဲ့ဖူးသမွ်ထဲမွာ ကြၽန္ေတာ္ အခ်စ္ရဆုံးေသာ ဇာတ္ေကာင္ျဖစ္ခဲ့ပါတယ္။

အစကေတာ့ စာအုပ္ထုတ္ဖို႔ကို အမ်ားႀကီးတြန့္ဆုတ္ေနခဲ့မိတယ္ေပါ့ေနာ္။ ဒါေပမဲ့လည္း အရဲစြန့္ၿပီး ဒီလိုဆုံးျဖတ္လိုက္ရပါတယ္။ စာအုပ္ကေလးထြက္လာမယ့္အခ်ိန္ကေတာ့ April လထဲမွာမွ ထြက္လာမွာမို႔ လိုေသးတယ္လို႔ေျပာရမွာေပါ့ေနာ္ဗ်။ တိုက္ကလည္း အသိေပးလိုက္ၿပီဆိုေတာ့ ကြၽန္ေတာ့္ဘက္ကလည္း အသိေပးဖို႔လုပ္လိုက္တာပါ။ Lollipop က Euphoria Book House ကေန၊ လာမယ့္ April လမွာထြက္ရွိမွာပဲျဖစ္ပါတယ္။

အစစအရာရာအဆင္ေျပေျပနဲ႕ထြက္လာဖို႔အတြက္ အတတ္နိုင္ဆုံးႀကိဳးစားေနပါတယ္၊ ဆိုေတာ့ စိုင္းမာန္သစ္တို႔ကို အိမ္ေခၚဖို႔ ဆႏၵရွိမယ္ဆိုရင္ ႀကိဳၿပီး ပိုက္ဆံစုထားနိုင္ေအာင္ ကြၽန္ေတာ္က အသိေပးတာပါခင္ဗ်။ ေမတၱာေတြအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်။

LOLLIPOPWhere stories live. Discover now