Chapter 1 - Zawgyi

3.5K 94 0
                                    

"ဒါက ဘယ်လဲ စိုင်းမာန်သစ်?"

"ဟီးဟီး ပါပါးကလည်း လမ်းထိပ်ခဏ"

"လမ်းထိပ်ခဏလုပ်မနေနဲ့ ဒီကိုလာထိုင်"

ဖခင်ဖြစ်သူရဲ့ပြောစကားကြောင့် စိုင်းမာန်သစ် ဆိုဖာပေါ်ကို မထိုင်ချင်ထိုင်ချင်နဲ့ ထိုင်လိုက်ရသည်။

"ကျောင်းပြီးကတည်း မင်း လက်ယားလက်ယားနဲ့ မနက်ဖြန် ကုမ္ပဏီမှာ အလုပ်ဝင်!"

"ပါပါးကလည်း‌ဗျာ"

"ပါးပါးကလည်း မဗျာနဲ့ မင်းဒီလိုနေနေရင် မိန်းမပေးစားပစ်မှာနော် စိုင်းမာန်သစ်"

"မိန်းမမလိုချင်ပါဘူးဆို‌တာကိုဗျာ"

"မင်းမလိုချင်လို့ကို ငါကပေးစားချင်တာလေ"

"အလုပ်ဝင်လုပ်မယ် မိန်းမတော့မယူချင်ဘူး ကျွန်တော်ချစ်နေတဲ့သူရှိတယ်"

"အောင်မယ် လေကအလာကြီးပါလား? မင်းလိုကောင် ဘယ်သူက ပြန်ကြိုက်မှာလဲ?"

"ပါပါးက သားကိုဆို တအားဖဲ့တာပဲ အလုပ်က ဝင်တော့လုပ်မယ် ဒါပေမဲ့ ပါပါးကုမ္ပဏီမှာတော့ ဝင်မလုပ်ချင်ဘူး အကပ်နဲ့လာတယ်ဆိုပြီး အပြောမခံချင်ဘူး သားဘာသာရှာမယ် တစ်‌လလောက်တော့ စောင့်"

"စိုင်းမာန်သစ်‌တို့ကတော့ ပြောလိုက်ရင် လေကြီးမိုးကြီးပဲ မင်းစကားနဲ့ မင်းပဲနော် တစ်လပြည့်လို့မှ မင်းအလုပ်မရရင် မိန်းမပေးစားပစ်မယ်"

"ပါပါးသဘောပဲ ဒါဆို သားသွားတော့မယ်နော်"

"ကြွ ကြွ"

စိုင်းမာန်သစ်မှာ အမေမရှိတော့။ မရှိတော့ဘူးဆိုတာက ကွဲနေတာ။စိုင်းမာန်သစ် အမေက စိုင်းမာန်သစ်အဖေကို ထားသွားပြီး ခြေရာဖျောက်သွားတာ သူငယ်ငယ်လေးကတည်းကပင်ဖြစ်သည်။

မေမေ့ကို စိတ်နာလားဆိုတော့ အင်းလို့ဖြေမိမှာပင်။ဘာလို့လဲဆိုတော့ လူမှန်းမသိတတ်ခင်အရွယ်‌လေးကတည်းက ပစ်ထားခဲ့တာ။
ဒါအ‌တွက် သူမုန်းတာ မဆန်းဘူးထင်ပါရဲ့။
သူ့ဘဝမှာ အ‌မေဆိုတာ မရှိဘူးလို့သဘောထားလိုက်တော့တာဖြစ်သည်။

စိုင်းမာန်သစ်ကို သူ့အဖေက လိုလေးသေးမရှိအောင်ထားခဲ့သည်။ ပြောရရင်တော့ သူက ရွှေဇွန်းကိုက် အမွေးခံထားရတဲ့သူပင်။
တစ်ခါတလေ သူ့ပါပါးရဲ့ ပူညံပူညံလုပ်သံ တွေကိုထည့်မတွက်ရင်ပေါ့လေ။

LOLLIPOPМесто, где живут истории. Откройте их для себя