Chapter 5 - Unicode

8.9K 801 3
                                    

*And the stars exploding into fireproof
My youth, my youth is yours
Tripping on skies, sipping waterfall

...... Ding*

*And the stars exploding into fireproof
My youth, my youth is yours
Tripping on skies, sipping waterfall

...... Ding*

*And the stars exploding into fireproof
My youth, my youth is yours
Tripping on skies, sipping waterfall

...... Ding*

စိုင်းမာန်သစ် တဂွမ်ဂွမ်မြည်နေသည့် ဖုန်းသံကို လစ်လျူရှူ့ကာ ဆက်အိပ်ဖို့ကြိုးစားသည်။ ဒီလောက်အစောကြီးကို ဘယ်သူက ဖုန်းခေါ်နေပြန်တာလဲဟု‌ေတွးရင်း ပြန်အိပ်ပျော်ရန် ပြင်းပြင်းထန်ထန်ကြိုးစားသည်။ တစ်ခါနှင့်လည်း မရပ်။ အကြိမ်ကြိမ်ခေါ်နေတာကြောင့် စိုင်းမာန်သစ် ခေါင်းအုံးနဲ့ နားကို အုပ်ပြီး အိပ်သည်။ သို့သော်လည်း ဖုန်းသံကရပ်မသွား။

'ဘယ်လိုမိမဆုံးမ ဖမဆုံးမက ဖုန်းဆက်နေတာလဲ။ ဖုန်းနှစ်ခါခေါ်လို့ မကိုင်ရင်ဆက်မခေါ်ရတဲ့ ယဥ်ကျေးမှု့ကိုတောင်နားမလည်ဘူးလား'

တစ်ဖက်က ဖုန်းခေါ်ဆိုသူကတော့ နားမလည်ဘူးထင် ဆက်ခေါ်နေဆဲဖြစ်သည်။
နောက်ဆုံးတော့ စိုင်းမာန်သစ်ကပဲ မနေနိုင်စွာ ဖုန်းကိုလှမ်းယူလိုက်ပြီးနားကို ကပ်လိုက်သည်။ အိပ်ချင်မူးတူးဖြစ်နေသည့်အပြင် ဒေါသကလည်း ထွက်ရသေးသည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူကို နှောင့်ယှက်ရင် ထောင်ချတဲ့ ဥပဒေချမှတ်ဖို့ စိုင်းမာန်သစ်တွေးလိုက်မိသေးသည်။ ဒါမှ သူ့လိုအမျိုးကောင်းသားလေးတွေ အိပ်ရေးပျက်ရတာ လျော့လာမှာ။

"ဟယ်လို ဘယ်သူလဲကွာ စောစောစီးစီး"

"မင်းအဖေ စိုင်းတမာန်"

"ဟင် ပါပါး ပါပါးက အစောကြီး ဘာလို့ဖုန်းတွေခေါ်နေတာလဲ"

စိုင်းမာန်သစ် မျက်လုံးကို ပွတ်ကာ ဖခင်ဖြစ်သူကို မေးလိုက်သည်။ သူ့အဖေက သူ့ကိုတော်ရုံဖုန်းမဆက်။ မဆက်ဆို တစ်အိမ်ထဲမှာနေနေရတာလေ။ ဖုန်းဆက်ပြီးပြောရလောက်အောင် ထွေထူးမှမရှိတာ။

"မင်းမေကြီးတော်ကို စောလေ ငါတောင် အလုပ်ရောက်နေပြီ မင်းမထသေးဘူးထင်လို့ ဖုန်းဆက်နှိုးတာ ထင်တဲ့အတိုင်းပဲ အလုပ်သွားရမှာကို မေ့နေတာလား?"

LOLLIPOPWhere stories live. Discover now