Chapter 25 - Unicode

8.2K 707 9
                                    

"ပါပါး"

စိုင်းမာန်သစ် သူ့ဖခင်ပြောတာတွေကို မနည်းနားလည်အောင်နားထောင်နေရသည်။ ဘာတွေပြောနေတာလဲဆိုတာ သူတကယ်လိုက်မမှီတော့အောင်ဖြစ်ရသည်။

"ကြာခဲ့ပြီဆိုပေမဲ့ အသစ်တွေလိုပါပဲ။ ဟင်း သူ့မိဘတွေက သူ့ကို မိန်းမပေးစားပြီး ဂျာမနီကို လွှတ်ခဲ့သလို သားအဘိုးကလည်း လူတွေအကြည့်ကိုမခံနိုင်တာကြောင့် ပါပါးကို သားမေမေနဲ့ လက်ထပ်ပေးခဲ့တယ် ဟွန်း ကြေကွဲခဲ့ရတဲ့ နေ့ရက်တွေပေါ့"

ဦးစိုင်းတမာန်ရဲ့ တစ်ချက်တစ်ချက်ရယ်သံက အလွမ်းတွေအများကြီးပါ၀င်နေသည်။ ထို့ပြင် ယူကြုံးမရခြင်းများ။ အို ဘာတွေထပ်ရှိနိုင်ဦးလိမ့်မလဲ။ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရတဲ့ အချစ်တွေများလား။

"ပါပါး"

"ပါပါးတို့ စာအသွားအလာနဲ့ပဲ ဆက်သွယ်ခဲ့ကြတယ် သူငယ်ချင်းတွေအဖြစ်ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ် နောက်ဖုန်းတွေပေါ်လာတော့ ဖုန်းနဲ့ဆက်သွယ်ကြတာပေါ့ နောက်သားမေမေ အိမ်ကထွက်သွားတော့ ပါပါးတို့ ကွာရှင်းတယ် ဘေးအိမ်ကကောင်လေးက ဘုန်းပြည့်အာဏာလေ"

ငြိမ်သက်သွားသည့် စိုင်းမာန်သစ်ကြောင့် သူ့သားဖြစ်သူ သိပြီးပြီမှန်း ဦးစိုင်းတမာန်သိလိုက်သည်။ ထို့နောက် ခပ်ယဲ့ယဲ့လေးသာပြုံးလိုက်ရင်း စိုင်းမာန်သစ်ရဲ့ ပြဿနာကို သူနားလည်သလိုလိုရှိလာရသည်။

"တိုက်ဆိုင်မှု့တွေက ဆက်တိုက်ပဲ၊ ပါပါးက သားမေမေနဲ့ ကွာရှင်းသလို သူ့အမျိုးသမီးကလည်း ဆုံးပါးသွားခဲ့တယ် နောက်တော့ ပါပါးတို့ဘေးအိမ်ကို လာရင်းလာရင်းနဲ့ ပါပါးတို့ထပ်တွေ့ဖြစ်ခဲ့ကြတယ် အင်း ပါပါးသူ့ကိုထပ်ရွေးချယ်ခဲ့တယ် ဒုတိယအကြိမ် ဒီပန်းပုကို ဆက်ထုဖို့ အခွင့်အရေးကို ပါပါးတို့နှစ်ယောက်လုံး ဆုပ်ကိုင်ခဲ့ကြတယ် ဒါပေမဲ့ ဘုန်းပြည့်အာဏာအမေက သိသွားပြီး အင်း ပြန်မပြောတော့ပါဘူး ဒီလောက်ဆို ရိပ်မိလောက်မှာပါ"

ရိပ်မိသလောက်တော့ ရှိပေမဲ့ စိုင်းမာန်သစ် သူ့ပါပါးက သူ့ကို ဒါတွေပြောပြနေရတဲ့ အကြောင်းအရင်းကို ခုထိမသိသေး။

LOLLIPOPWhere stories live. Discover now