Chapter 2 - Unicode

11.8K 976 10
                                    

"ပါပါး သားက ဘယ်မှာလုပ်ရမှာလဲ?"

"ငါ့အသိကုမ္ပဏီမှာ"

"ဘာအလုပ်လဲ?"

"အတွင်းရေးမှူး"

"ဟာ ပါပါးကလည်း အတွင်းရေးမှူးတော့မလုပ်ချင်ပါဘူး"

"စိုင်းမာန်သစ်!"

ထအော်လိုက်သော ဖခင်အသံကြောင့် စိုင်းမာန်သစ်အမြှီးကုပ်သွားရသည်။ သူ့ပုံစံသည် အနိုင်ကျင့်ခံလိုက်ရသည့် ယုန်ငယ်လေးပမာ။ မလွန်ဆန်ရဲတာကြောင့် အထွန့်လည်းမတက်နိုင်တော့ချေ။ သူလည်း ဒီအရွယ်ရောက်နေပြီ။ အလုပ်အကိုင်အတည်တကျတော့ရှိဦးမှဖြစ်မည်ဟု သူ့အဖေကောင်းသလိုစီစဥ်တာကိုသာ လက်ခံဖို့ဆုံးဖြတ်လိုက်ရတော့သည်။

"ဘယ်ကုမ္ပဏီလဲ?"

"SL Group"

"SL Group ဆိုတော့ ကျွန်တော်က ပါပါးအရွယ် အဘိုးကြီးရဲ့အတွင်းရေးမှူးလုပ်ရမှာပေါ့ မမိုက်ပါဘူး"

"စကားများတယ် မနက်ဖြန်အလုပ်ဆင်းရမယ် လိုအပ်တာတွေသွားဝယ်ရင် သွားဝယ်ထား!"

"ပါပါးကလည်း"

"စိုင်းမာန်သစ်"

"ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ဗျ သွားပါပြီခင်ဗျ"

စိုင်းမာန်သစ်ခပ်ရွဲ့ရွဲ့ကလေးပြန်ပြောပြီး သူ့အခန်းရှိရာသို့သာ ခြေဦးလှည့်ခဲ့တော့သည်။ အခန်းထဲကိုဝင်လာပြီးနောက် Lollipop တစ်လုံးကို ဖောက်ကာ ပါးစပ်ထဲထည့်လိုက်သေးသည်။ T-shirt ကိုဆွဲလှန်ချွတ်လိုက်တော့ ဗိုက်သားဖွေးဖွေးပေါ်က ကန့်လန့်ဖြတ်ရှိနေသည့် သုံးလက်မအရွယ် အမာရွတ်က ပန်းရောင်သန်းနေတာကြောင့် တက်တူးတစ်ခုလို လှနေသေးသည်။

စိုင်းမာန်သစ်ကတော့ သဘောမကျတာမို့ အဝတ်ချွတ်ထားရင် ကိုယ်လုံးပေါ်မှန်ကိုပင်မကြည့်။ဒီသေရာပါ အမှတ်အသားကိုပေးခဲ့တာက အမေဖြစ်သူဖြစ်နေသည်ဆိုတာက သူ့ခေါင်းထဲမှာ ဒဏ်ရာတစ်ခုလိုကြီးစိုး‌နေသည်။

_______________________________________________________

လွန်ခဲ့သော နှစ်များက စိုင်းမာန်သစ်တို့အိမ်တွင်ဖြစ်သည်။ လေးနှစ်အရွယ် စိုင်းမာန်သစ်သည် တံခါးရွက်ကိုကွယ်ကာ အခန်းတွင်းကို ချောင်းမြောင်းကြည့်ရှု့‌နေရှာသည်။ ဘာရယ်ဟု ၀ေမခွဲနိုင်သေးသည့် မျက်၀န်းတွေထဲတွင်တော့ ကြောက်ရွံ့စိုးရိမ်မှုတို့က အထင်းသား။

LOLLIPOPWhere stories live. Discover now