သက် ပြင်ဦးလွင်ကနေမပြန်ခင်မှာ ကိုနေနဲ့ညသံသရာခွင်းရဲ့အခြေအနေကိုသိချင်တယ်
ဘယ်လိုလုပ်ရမလဲ
ဒီအတိုင်း ကိုနေ့ကိုသွားမေးပြန်ရင်လည်း အဖြေပြန်ရမှာမဟုတ်ဘူး
မနက်ဖြန်ဆိုရင်ပဲ ပြန်ရတော့မယ် မာမီတို့က အလုပ်တွေနဲ့ သက်ကလည်း ကျောင်းပြန်ဖွင့်တော့မှာ
************************************************

ခက် သားနောက်ကို လူလွှတ်စုံစမ်းကြည့်တယ်
ဒီရက်ပိုင်း သားအဖေကသွားကြိုနေတော့ သူတို့သားအဖကော်ဖီဆိုင်ထိုင်ရင်ထိုင် မထိုင်ရင် ကြက်တောင်ရိုက်ကွင်းသွားရင်သွား....စာအုပ်ဆိုင်ထဲမှာ စာအုပ်ထိုင်ဖတ်နေရင်ဖတ် ဒါပဲပြန်သိရတယ်......ဟိုမိန်းကလေးနဲ့ကလည်း သူငယ်ချင်းလိုပဲလို့ ပြန်သိရတယ်.........သူမလည်း ငယ်ရာကနေကြီးလာတာပါ....သားနဲ့အဲ့မိန်းကလေးရဲ့ကြားမှာ သေချာပေါက် တစ်ခုခုတော့ ရှိနေတယ်။
သူမရန်ကုန်ပြန်သွားရပေမယ့် ထိုလူကိုတော့အမြဲစုံစမ်းခိုင်းဖို့မှာခဲ့တယ်

**********************************************

နောက်ဆုံးတော့ စိတ်ရှုပ်စရာတွေ ပြန်သွားကြပြီ
အား.......သူလွတ်လပ်ပြီကွ........ညနဲ့လွတ်လွတ်လပ်လပ်တွေ့လို့ရပြီ ဖုန်းလည်းပြန်ပြောရတော့မယ်
ပျော်လိုက်တာကွာ
ဒီ၂ပတ်က သူ့အတွက် တစ်ကယ် စိတ်ဆင်းရဲခဲ့ရတဲ့ရက်တွေပဲ
ဖေဖေကတော့ ဘာမှစိတ်မပူဖို့မှာခဲ့တယ်

"ဟဲလို ည......အခုဘာလုပ်နေလဲ ကိုယ်အခုတော်တော်ပျော်နေတာသိလားည

အဟင်း ဧကန္တ ဂုဏ့်မေမေတို့ပြန်သွားပြီထင်တယ်

သေချာတာပေါ့ဗျာ.......ကိုယ်အခုလွတ်လပ်သွားပြီ ညဆီဖုန်းမဆက်ရတဲ့နေ့တွေမှာ ကိုယ်လေလွင့်နေတဲ့အတိုင်းပဲ.....ရူးချင်တယ် ကိုယ့်မှာ ကြင်နာစကားလေးတွေလည်းမပြောရ......

ဂုဏ်ကတော့ ပိုပြီ

မပိုပါဘူးဗျာ ကိုယ့်ခံစားချက်အမှန်တွေပါ.....ဘာလဲ ညကကိုယ့်ကိုမယုံဘူးလား

အဟင်း ယုံပါတယ်ရှင်

ဒါပေါ့ မယုံလို့မရဘူးနော်

အဟင်းဟင်း.............................

မနက်ဖြန် ကျူရှင်ဆင်းရင် ကိုယ်တို့အေးဆေးတွေ့ကြမယ် ညဘွားဘွားကိုပြောခဲ့နော်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Donde viven las historias. Descúbrelo ahora