ပို့ပေးရမှာပေါ့ သက်လျာ မင်းပါလိုက်မှာမလား....

လိုက်ရမှာပေါ့ရှင် ခဏလေး ကျွန်မ ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်.....မြေးငယ်ကကျောင်းဝတ်စုံလဲပါဦးလား....ဟိုမှာ ဘယ်လောက် ကြာမယ်မသိဘူး.....ကျောင်းဝတ်စုံလဲလိုက်.......ကြားလား မြေးငယ်

ဟုတ်ကဲ့ ဘွားဘွား

ကျူရှင်လည်းဒီနေ့ငါ့မြေးပုံစံက သွားတက်မယ့်ပုံမပေါ်ဘူး.....အဘိုးခွင့်လှမ်းတိုင်လိုက်မယ်........

ဟုတ် ကျေးဇူးပါ ဘိုးဘိုး သားအဲ့တာကိုမတွေးမိဘူး
ခွင်းအတွက်ပါတိုင်လိုက်နော်ဘိုး

ရပါတယ်ကွာ မြေးခွင်းအတွက်ပါ တိုင်လိုက်မယ်
မနံ့သာခွင်းလည်း မြေးခွင်းထိခိုက်မိတဲ့သတင်းကြားပြီး တော်တော်လေးစိတ်ပူနေမှာ......

ဟုတ်တယ် သားလည်းအဲ့တာကိုတွေးနေတာ....ဘွားနံ့သာက နှလုံးရောဂါရှိနေတာဆိုတော့........

အေးကွာ အားလုံး အဆင်ပြေပါစေလို့ဆုတောင်းရမှာပဲ.........."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"တီ တီ တီ........

ဟဲလို ခန့်ညား.......

အေး မင်းအခုဆေးရုံမှာလား......ခွင်းအခြေအနေကိုသိရပြီလား.....

မသိရသေးဘူး ငါအခု ဆေးရုံသွားနေတဲ့လမ်းမှာပဲရှိသေးတယ်.......

အေး ခွင်းကို ဘယ်ဆေးရုံမှာတင်ထားတာလဲ နေလင်း

ပြည်သူ့ဆေးရုံကြီးမှာ တင်ထားတာ

အေးအေး ဒါဆို ငါတို့လည်း အခုပဲထွက်လာခဲ့တော့မယ်.......ငါတို့လည်း အလျင်လိုနေတာနဲ့ဆရာမတွေကို ဆေးရုံ နာမည် မမေးခဲ့ရလို့မင်းကိုလှမ်းမေးတာ.....

အေးအေးရတယ် ဒါဆို ငါဖုန်းချလိုက်တော့မယ် ခန့်ညား......မင်းတို့လည်းလမ်းမှာ ဂရုစိုက်ဦး

အေးအေး ဒါဆို ဒါပဲနော် နေလင်း

အိုကေ "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ဆေးရုံကိုရောက်တော့ ဂုဏ်တို့အတန်းပိုင်ဆရာမကိုတွေ့လိုက်ရတာမို့....ဆရာမအနားအပြေးသွားကာ..."

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now