ရတယ် ည
ငါလုပ်ပေးမယ်......
ပန်းအိုးလဲတာဂရုစိုက်ဦးနော်

အင်း.....

သြော်ခွင်းက အစောရောက်နေတာပဲ
နည်းနည်းလေးနောက်ကျသွားတာ ဆောရီးပါနော်ခွင်း

ရပါတယ် သက်ထားရဲ့

ဒါဆို ငါတို့က တံမြက်စည်းလှဲလိုက်မယ် ညက ဘုရားပန်းအိုးလဲနေပြီဆိုတော့

အင်းအင်း ကျောင်းအုပ်ကြီးရုံးခန်းကိုဒီတစ်ပတ် ဘုရားပန်းအိုးကိုလဲဖို့ တာဝန်ကျတာက ငါတို့အသင်းမလားသက်ထား

အင်းဟုတ်တယ် ခွင်း

ဟုတ်ပြီ ဒါဆို ငါပန်းအိုးလဲတဲ့တာဝန်ယူလိုက်မယ်နော်

အင်းအင်း ခွင်း "

************************************************

"နင်တို့က ဘာဟင်းထည့်လာကြတာလဲ

ကြက်အူကြော်၊ကင်ပွန်းချဥ်ရွက်နဲ့မုန်လာရွက်ကို ငရုတ်သီးစပ်စပ်လေးနဲ့ကြော်ထားတာရယ်၊ကြက်မွကြော်ရယ် ထည့်လာတယ်

ငါက ဘဲဥဟင်းရယ်၊ခရမ်းသီးနှပ်ရယ်၊ကြက်ကြော်ရယ်၊ကတ္တီပါပဲကြော်ရယ်ထည့်လာတယ်

ဒီနေ့ သမုက ဘဲဥဟင်းထည့်လာတာပဲ
သမုမေမေချက်တဲ့ဘဲဥဟင်းက အရမ်းစားကောင်းတာ

ဟုတ်တယ် ငါတို့တော့ ဒီနေ့ဗိုက်တင်းပြီပဲ...."
သူငယ်ချင်းတွေအားလုံးထမင်းချိုင့်ဖွင့်ပြီး စုစားကြတာမို့ ဟင်းကအစုံပါပဲ
ဒီနေ့ညနဲ့သူက ထမင်းချိုင့်ပါမလာတာမို့ခန့်ညားတို့ နှင်းခက်တို့ဆီကနေ ကပ်စားရမှာ

"ခွင်း ဒီဘက်ကိုလာ ငါတို့ကြားထဲမှာထိုင်

အင်းလာပြီသမု

နေလင်း မင်းလည်းငါတို့ကြားထဲမှာထိုင် အစွန်မှာထိုင်နေရင် ဟင်းထည့်ဖို့မင်းအဆင်မပြေဘူး

ရပါတယ် ခန့်ညားရဲ့
ငါဒီဘက်မှာထိုင်လို့ရပါတယ်

လာစမ်းပါကွာ.....

အေးပါကွ...... "

"မင်းတို့မုန့်က ဘာမုန့်စားမှာလဲ
ငါနဲ့ညက ဝယ်ကျွေးမယ်

ဟုတ်တယ် ထမင်းကိုနင်တို့ဆီက ကပ်စားထားတာဆိုတော့ ငါတို့က ချစ်သူငယ်ချင်းလေးတွေကိုမုန့်ပြန်ဝယ်ကျွေးမယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now