ကျောင်းသားသစ်တွေများတော့ အတန်းညီအောင် လူခွဲပစ်လိုက်တဲ့သဘောနေမှာပါ.......

အေး ဒါပေမယ့် ငါတို့တွေက အခန်းကွဲသွားတယ်လေ

အခန်းကကပ်ရပ်ပါပဲ...Bioခန်းက နှစ်ခန်းပဲရှိတာ.....
မုန့်စားဆင်းချိန် ဒီလိုတွေ့လို့ရတာပဲ နောက်ပြီး ငါတို့က ပုံမှန် စာစုလုပ်နေကြပဲကို ကိစ္စမရှိပါဘူးဟ

အင်း......အဲ့လိုတွေးကြည့်တော့လည်း ဟုတ်ပါတယ်လေ.......။"

ခွင်းတို့သူငယ်ချင်းအုပ်စု စကားပြောရင်း မုန့်စားနေတုန်း........ခွင်းတို့အတန်းထဲက ကျောင်းသားသစ်ဖြစ်ဟန်တူသည့် ယောကျ်ားလေးတစ်ယောက် ခွင်းတို့ထိုင်နေရာ တမာပင်အောက်ကစားပွဲဝိုင်းကို လျှောက်လာနေတယ်။

"ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ........

ဟုတ်ကဲ့ မေးပါ......

ဆရာမတွေနားနေခန်းက ဘယ်အဆောင်မှာလဲခင်ဗျ
ကျွန်တော် ဆရာမကိုပြောစရာရှိလို့ပါ

သြော်.....ဆရာမဒေါ်သီတာအေးကိုပြောတာလား

ဟုတ်ပါတယ်

ဆရာမက သစ်ခွပင်တွေစိုက်ထားတဲ့ သစ်ခွဆောင်မှာရှိတယ်....

ဗျာ သစ်ခွဆောင်....

ဟုတ်တယ်လေ ထူးဆန်းသွားတယ်ထင်တယ်.....
သစ်ခွဆောင်ဆိုတဲ့အတိုင်း သစ်ခွပင်တွေ ဝရံတာမှာ ချိတ်ပြီးစိုက်ထားတယ်.......ရှာရလွယ်တယ်........

ဟုတ်ကဲ့ ကျေးဇူးပါ ကျွန်တော့်ကိုခွင့်ပြုပါဦး

ဟုတ်ကဲ့....... "
"ဟဲ့ ခွင်း ချောချောလေးနော်
ကျောင်းပြောင်းလာတဲ့သူတွေက တစ်ကယ်အချောလေးတွေချည်းပဲ.....ငါတို့တော့ ပွပြီပဲ

ဒီနှာဗူးမကတော့ မလွယ်ဘူးပဲ ကျောင်းစတက်ရက်မှာ ဗီဇကပြလာပြီ.....

ဟုတ်ပါ့ သမု နင်ငြိမ်ငြိမ်နေနော်

ငါက ဒီအတိုင်း ပြောတာပါဟာ

နင့်ဒီအတိုင်းက ယုံရခက်ခက်ပဲ သမု

သွင်ထက်ယံ နင်ကပါ လာစနေတယ်.......

နေလင်း.......

အေးပြော.....

မင်းက အတန်းမှူးဆို......

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now